NewsPolitic

မြောက်စမ်းက အမြောက်တပ်ကို AA ပြန်လည် ထိုးစစ်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၂ မေ ၂၀၂၆)

‎‎ဧရာဝတီတိုင်း ရေကြည်မြို့နယ် ဂွ – ငသိုင်းချောင်းလမ်း မြောက်စမ်းရွာအနီးရှိ အမြောက်တပ် အမတ ၃၄၄ အနီးကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“စစ်မျက်နှာထဲမှာ အားအနည်းဆုံးလို့ ဆိုခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသ မြောက်စမ်းစစ်ဒေသကို အင်အား (-) ဝန်းကျင်နဲ့ တိုက်စစ်ဆင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဂွမြို့နယ်ဘက်အထိ ဦးတည်လာနိုင်ချေရှိတဲ့ စစ်ကြောင်းတွေကို ဟန့်စစ်ဆင်မနေတော့ဘဲ အမတ ၃၄၄ (အမြောက်တပ်ရင်း) ကို အင်အားဖြည့်တင်းကာ တကြိမ်ပြန်ပြီး တိုက်ခိုက်လာခဲ့တာကို တွေ့ရပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမတ (၃၄၄) အမြောက်တပ်စခန်းဟာ ငသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်ရောက်ရန် ၂ မိုင်ခန့်သာလိုတော့တဲ့ အမြောက်တပ်တခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာလည်း စစ်ကော်မရှင်က အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုးလာတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရင်းက စစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်ကော်မရှင်က ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်ပြီး စစ်အင်အား ထောင်ချီဖြည့်တင်းကာ ရက္ခိုင်ပြည်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်မှာ အာရက္ခတပ်တော်က အမတ ၃၄၄ ကို ထိုးစစ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

အမြောက်တပ် အမတ ၃၄၄ ကို ကျုံပျော် ခလရ ၃၆ က အင်အားတချို့ စစ်ကူပို့နေပြီး စစ်အင်အားဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

‎အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Related posts

တောင်ကုတ် ပို့ဆောင်မယ့် ၁၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိလို့ စကမ ဆို

Rakhita Times

NUG အနေနဲ့ EAO တွေနဲ့ပေါင်းပြီး တိုက်နိုင်ရင် တော်လှန်ရေးနိုင်မယ်

Rakhita Times

စကမ ဗုံးကြဲလို့ သံတွဲစစ်ရှောင် အမျိုးသမီးတဦး သေဆုံး

Rakhita Times

161 comments

Leave a Comment