NewsPolitic

ရွေးတုတပ်ရဲ့ လက်နက်ကြီးကြောင့် ရသေ့တောင်မှာ သားအမိ နှစ်ယောက်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ရသေ့တောင်မြို့နယ် မိုးစဲကမ်းဒေသကို စက်တင်ဘာလ ၂၀ ရက်မှာ စစ်တွေအခြေစိုက် ရွေးတုအစိုးရတပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာကြောင့် သားအမိ နှစ်ဦး သေဆုံးသွားခဲ့တယ် သိရပါတယ်။

သေဆုံးသွားသူတွေကတော့ မိုးစဲကမ်း၊ ဇီးကိုင်းကျေးရွာမှာ နေထိုင်ကြတဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်အေးနုဖြူနဲ့ အသက် ၄၂ နှစ်အရွယ် သမီးဖြစ်သူ ဒေါ်မရွှေတင်တို့ ဖြစ်ကြပါတယ်။

မနေ့က မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာ စစ်တွေအခြေစိုက် ရွေးတုအစိုးရတပ်က မိုးစဲကမ်းဘက် ကျေးရွာတွေကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ဇီးကိုင်းရွာက ဒေါ်အေးနုဖြူတို့ သားအမိရဲ့ အိမ်ခြံဝင်းထဲကို လက်နက်ကြီးကျည် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် သားအမိ နှစ်ဦးစလုံးမှာ ကျည်စတွေ ထိမှန်ပြီးတော့ သေဆုံးခဲ့ရတာဖြစ်ပြီး သမီးဖြစ်သူ ဒေါ်မရွှေတင်ဟာ မိခင်အိုကြီးကို အနီးကပ် ပြုစု လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့တုန်းကလည်း အဲဒီ ဇီးကိုင်းရွာကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရပါသေးတယ်။

ဓာတ်ပုံ ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။

Related posts

ရက္ခိုင်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ ၄၀ ကျော် ရှိတယ်လို့ ရွေးတုအစိုးရ ကျန်းမာရေးဌာန ထုတ်ပြန်

Rakhita Times

ဂွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေ

Rakhita Times

ရက္ခိတအိမ်မက် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ AA လို့ ကူကီးကောင်စီပြော

Rakhita Times

Leave a Comment