NewsPolitic

တပ်ချုပ်သစ်က စစ်တွေမကျစေရေး ကမ်းနားလမ်းကို ခြံစည်းရိုးအပြင် ဘန်ကာဆောက်ကာ ခုခံခိုင်း

အာရက္ခတိုင်းမ်စ် (၂၂ မေ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ကို အာရက္ခတပ်တော်ထံ မကျစေရေးအတွက် တပ်ချုပ်သစ် ရဲဝင်းဦးက ကမ်းနားလမ်းကို ခြံစည်းရိုးကာတာအပြင် ဘန်ကာများဆောက်ကာ ခုခံခိုင်းနေတယ်လို့ သိရပါတယ်။

“ခြံစည်းရိုးတွေက ၂၀၂၄ ကတည်းက ဆောက်ထားတာ၊ အခုက ဘန်ကာတွေပါ ဆောက်ပြီးကို AA လာရင် ခုခံဖို့ လုပ်ခိုင်းထားတယ်” လို့ စစ်တွေမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တပ်ချုပ်သစ်ဟာ စစ်တွေက စစ်ကော်မရှင်တပ်တွေကို ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖို့လည်း အမိန့်ပေးထားတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ဒါပေမယ့် စစ်တွေနဲ့ ထိစပ်နေတဲ့ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းဖက်ကို တနေ့ တကြိမ်လောက် အနည်းဆုံး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နေ့တိုင်းလိုကို ပစ်နေတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

အလားတူ တပ်ချုပ်သစ်က ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။

Related posts

မောင်တောတွင် ဝါးခုတ်သွားစဉ် မြေမြှုပ်မိုင်း နင်းမိလို့ အမျိုးသား ၂ ဦး ဒဏ်ရာရ

Rakhita Times

AA နဲ့အတူ စစ်ကောင်စီကို အဆုံးစွန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းပြည်တပ်မတော် ထုတ်ပြန်

Rakhita Times

CNDF ရဲဘော်တွေအတွက် ဒေါက်တာညိုထွန်းအောင် သူပုန်ဖြူစာအုပ် နဲ့ ငွေသားကူညီ

Rakhita Times

905 comments

Leave a Comment