NewsPolitic

သာပေါင်းကို ရွေတုအစိုးရ ဗုံးကြဲလို့ ရက္ခိုင်စစ်ရှောင် ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၈ သြဂုတ် ၂၀၂၆)

ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့နယ်ကို ရွေးတုအစိုးရက သြဂုတ်လ ၅ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရက္ခိုင်စစ်ရှောင် ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“၅ ရက်နေ့၊ မနက် ၅ နာရီလောက်က ရက္ခိုင်ရိုးမအစပ်က သဲဖြူရွာကို ဗုံးကြဲခံလိုက်ရတာမှာ ဂွကနေ စစ်ရှောင်လာနေကြတဲ့ ညီအကို နှစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ဂျက်ဖိုက်တာနဲ့ လာကြဲတာ” လို့ သာပေါင်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရက ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ဂွမြို့နယ်က စစ်ရှောင်လာကြတဲ့ ညီအကို နှစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုလှထွေးနဲ့ အသက် ၄၀ အရွယ် ကိုငစိုး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲခံရမှု‌ကြောင့် လူသေဆုံးခဲ့သလို့ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တချို့လည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရ ဗုံးကြဲခဲ့တဲ့ သာပေါင်းမြို့နယ် သဲဖြူရွာအနီးတွင် ရွေးတုအစိုးရတပ်က ဗျူဟာမှူးအထိုင်ချကာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခံခုနေတယ်လို့လည်း သိရပါတယ်။

အလားတူ ရွေးတုအစိုးရဟာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် သြဂုတ်လဆန်းကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ကို စစ်ယာဉ်တန်း ၇ စီးနဲ့ အင်အား ထပ်မံဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

Related posts

ကျောက်ဖြူကို စစ်ကောင်စီဒရုန်းနဲ့ ဗုံးကြဲ၊ ဒေသခံ ၁ ဦး သေဆုံး

Rakhita Times

စစ်တွေလေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ၊ လက်မှတ်တစောင် ၇ သိန်းခွဲဖြစ်

Rakhita Times

အမ်းမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ပစ်ချနိုင်ခဲ့ဟု AA အတည်ပြု

Rakhita Times

1 comment

Leave a Comment