BusinessNewsPolitic

ရမ်းဗြဲကို စားသောက်ကုန် နဲ့ ခရီးသည်တင်လာတဲ့ ဘုတ်ကို ရွေးတုအစိုးရတပ်က ဖမ်းဆီးထား

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်ကနေပြီးတော့ ရမ်းဗြဲမြို့ကို စားသောက်ကုန်နဲ့ ခရီးသည် တင်ဆောင်လာတဲ့ ဘုတ်တစီးကို ရွေးတုအစိုးရတပ်က ဖမ်းဆီးထားပါတယ်။

အဲဒီဘုတ်ဟာ ကျောက်တော်မြို့ကနေ ဇွန်လ ၈ ရက် မွန်းလွဲ ၁ နာရီလောက်က ရမ်းဗြဲမြို့အတွင်းကို ထွက်ခွာလာတာ ဖြစ်ပြီးတော့ ရမ်းဗြဲမြို့၊ မင်းကြောင်ချောင်းအနီးမှာ ရွေးတုအစိုးရတပ်နေဗီက ဖမ်းဆီးသွားခဲ့တာပါ။

စက်လှေထဲမှာတော့ ဒေသခံပြည်သူတွေ နေ့စဥ်သုံးစွဲနေရတဲ့ ဆန်၊ ဆီ၊ ဆား အပါအဝင် ခရီးသည်လည်း ၁၃ ဦး ပါဝင်လာတယ်လို့ ရမ်းဗြဲမြို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“အဓိကတော့ စားသောက်ကုန်တွေပေါ့ လူတွေကတော့ တိုက်ပွဲဖြစ်တုန်းက စစ်ဘေးရှောင်ဖို့ ထွက်သွားတဲ့ သူတွေပါ။ ဘယ်ကို ဖမ်းဆီသွားလဲဆိုတာတော့ မသိဘူး သူတို့ နေဗီနဲ့ အကုန် သိမ်းဆည်းပြီး ခေါ်သွားတယ်လို့သာ သိရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီဘုတ် ဖမ်းဆီးခံရမှုကို ကမ်းနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံတွေက မြင်တွေ့လိုက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရွေးတုအစိုးရတပ်ဟာ မာန်အောင်နဲ့ ရမ်းဗြဲ ရေလက်ကြားမှာ စစ်သင်္ဘောတွေကို အခြေကုတ်ချထားကာ ဖမ်းဆီးတာ၊ ငွေညှစ်တာနဲ့ အမျိုးသမီးတွေကို လိင်ပိုင်ဆိုင်ရာ စော်ကားတာတွေ ဆက်တိုက် လုပ်ဆောင်မှုတွေ ရှိနေတယ်လို့လည်း မာန်အောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဖမ်းတာထက် ဆိုးတာတွေ အများကြီး ဒီကိစ္စက အခုမှ ရှိနေတာတော့ မဟုတ်ဘူး ရမ်းဗြဲကို သိမ်းပြီးနောက်မှာ ဆက်တိုက် ရှိလာခဲ့တာ ကုန်တွေ တင်လာရင် ဖမ်းတယ် ငွေတောင်းတယ်၊ လူတွေကို ဖမ်းတယ် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ လုပ်တယ် အဲဒါတွေ ဒီကလူတွေ ဆက်တိုက် ကြုံနေရတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ အဲဒီ မင်းကြောင်ချောင်း အနီးမှာဘဲ ရမ်းဗြဲမြို့ကနေ အမ်းမြို့ အတွင်းကို ထွက်ခွာလာတဲ့ အရပ်သား ခရီးသည်တင် ဘုတ်တစီးကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာ လုပ်ခဲ့တဲ့အတွက် ဘုတ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့တာလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

Rakhita Times

ကျောက်ထုအမြောက်တပ်ကို လက်နက်ခဲယမ်းတွေ အဆမတန်ပို့ဆောင်ပြီး ကံကြီးတွင် အထိုင်ချရန် လုပ်ဆောင်နေ

Rakhita Times

မနက်ဖြန်ကစပြီး ရန်ကုန်ကနေ မာန်အောင်နဲ့ ကျောက်ဖြူကို တပတ် ၃ ရက် လေယာဉ်ပြေးဆွဲမည်

Rakhita Times

2 comments

BrianBoill စက်တင်ဘာ 3, 2026 at 6:29 မနက်

Помощь оказывают врачи с практикой в наркологии, психиатрии и восстановительной терапии.
Получить больше информации – vyezdnye-kapelnicy-ot-zapoya-na-dom

Reply
Davidsib စက်တင်ဘာ 3, 2026 at 4:00 ညနေ

Главный принцип работы — медицинская обоснованность процедур. Капельница помогает облегчить проявления похмельного и абстинентного синдрома, но сама по себе не устраняет причины алкогольной зависимости. После стабилизации врач может предложить дальнейшее лечение, психотерапию, кодирование, реабилитацию и поддержку родственников. Если вы хотите получить подробную информацию о том, сколько стоит вывод из запоя, какие процедуры проводятся на дому и в клинике, можно позвонить в центр и задать вопросы консультанту. Первичная консультация по организационным вопросам может предоставляться бесплатно.
Узнать больше – srochnyj-vyvod-iz-zapoya

Reply

Leave a Comment