HealthNewsPolitic

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်လျက် ရှိတယ်လို့ Kyauk Phyu Emergency Response Group (ERG) က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်အမျိုးသမီးဦးရေ ၃ထောင်ခန့်ရှိပြီး အသက် ၁၂ နှစ် ကနေ ၄၅ နှစ်အရွယ်ထိ အမျိုးသမီးများအတွက် အဓိက လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးရာသီကာလ ဖြစ်တဲ့အတွက် အမျိုးသမီးများရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံတွေကို အရေးတကြီး လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“ အခုကတော့ အမျိုးသမီးတွေအတွက် pad နဲ့ underwear က ဆက်လှူဦးမယ်။ pad ကတော့ HDCO က ကူညီထောက်ပံ့ပေးပါတယ်။ underwear ကတော့ အခက်အခဲ ရှိပါတယ်။ အလှူရှင်တွေလည်း လောလောဆယ် မရှိသေးတော့ HDCO ကိုတော့ တင်ပြထားတာ ရှိတယ်” လို့ ERG ရဲ့ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇွန်လ ၁၀ ရက် ကနေ ၁၆ ရက်အထိ ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စခန်းနေရာ ခြောက်ခုတွင် အမျိုးသမီး ၆၀၆ ဦးအတွက် လစဉ်သုံးပစ္စည်း ၁၂၁၂ ထုတ်နဲ့ အတွင်းခံ ၆၀၆ ထည် ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ Kyauk Phyu Emergency Response Group (ERG) ရဲ့‌ ဖော်ပြချက်အရ သိရပါတယ်။

Related posts

ပုဏ္ဏားကျွန်းမှာ အရက်မူးပြီး မောင်းလာတဲ့ ဘေးတွဲက ဆိုင်ကယ်ကို ဝင်တိုက်လို့ ၄ ဦး ဒဏ်ရာရ

Rakhita Times

ယတြာခေါင်းလောင်းနဲ့ပတ်သက်ပြီး ဝေဖန်အကြုံပြုနိုင်တယ်လို့ AA ဖိတ်ခေါ်

Rakhita Times

စစ်ကျန်လက်နက် ပေါက်ကွဲလို့ ပေါက်တောမှာ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment