HealthNewsPolitic

စစ်တွေခရိုင်က စစ်ဘေးရှောင် ၁၃၆ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိ အခမဲ့ခွဲစိတ်ကုသပေး

အာရက္ခတိုင်းမ်စ် (၂၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေခရိုင်မှာ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက စက်တင်ဘာလအတွင်း မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရပါတယ်။

စစ်ဘေးရှောင် မျက်စိဝေဒနာရှင် စုစုပေါင်း ၆၇၈ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ခွဲစိတ်ဖို့ လိုအပ်တဲ့ လူနာ ၁၃၆ ဦးကို ၄ သုတ်ခွဲပြီး အခမဲ့ ခွဲစိတ်ကုသပေးခဲ့တာလည်း ဖြစ်ပါတယ်။

ခွဲစိတ်ခဲ့တဲ့ လူနာတွေထဲမှာ အတွင်းတိမ်ရောဂါ (Cataract) ၁၂၄ ဦး၊ မျက်သားတက်ရောဂါ (Nasal Pterygium) ၁၁ ဦးနဲ့ Evisceration ခွဲစိတ်သူ ၁ ဦးတို့ ပါဝင်ပါတယ်။

ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ လူနာ ၁၃၆ ဦးအနက် ၉၉ ဦးကိုလည်း ပါဝါမျက်မှန်တွေ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆေးဖိုးဝါးခနဲ့ ခွဲစိတ်စရိတ်တွေအပြင် စားစရိတ်နဲ့ လမ်းစရိတ်တွေကိုပါ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တာဝန်ယူပေးခဲ့ပြီး ဒီခွဲစိတ်ကုသမှု ကုန်ကျစရိတ်တွေကို YCDN Fixed clinic project က ပိုလျှံရန်ပုံငွေနဲ့ သုံးခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ကိုယ်တိုင်ငွေကြေး မစိုက်ထုတ်နိုင်တဲ့ စစ်ဘေးရှောင်တွေအတွက် အလားတူ ဆေးကုသမှုအစီအစဉ်တွေ ဆက်တိုက် လုပ်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဧပြီလမှာ စစ်ဘေးရှောင် ၂၀၀ နီးပါးထဲက ၂၇ ဦးကို ပထမအကြိမ်၊ မေလမှာ ၂၂၃ ဦးထဲက ၅၉ ဦးကို ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသပေးခဲ့ဖူးပြီး အခု စက်တင်ဘာလမှာတော့ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

Related posts

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ​​ရွေးချယ်

Rakhita Times

AA ထိန်းချုပ် လှုပ်ရှားရာ နယ်မြေတိုင်းတွင် မူးယစ်ဆေးဝါးနဲ့ ကျားဖျန့် လုံးဝမရှိစေရလို့ဆို

Rakhita Times

ပုဏ္ဏားကျွန်း စစ်ရှောင်စခန်းအချို့ လေပြင်းတိုက်လို့ ပျက်စီး

Rakhita Times

Leave a Comment