NewsPolitic

ရေကျော်ရွာဗုံးကြဲမှုမှာ ဒဏ်ရာရသူ ခြောက်ဦးအနက် တစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ ရေကျော်ရွာ ဗုံးကြဲမှုဖြစ်စဉ်မှာ ဒဏ်ရာရသူ ခြောက်ဦးအနက် တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၂၆ ရက်၊ ညနေ ၃ နာရီမှာ‌ ရွေးတုအစိုးရက ရေကျော်ရွာရှိ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး တစ်လုံး ၊ စာသင်ကျောင်းကို ပေါင် ၃၀၀ ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကနေ အသက် ၇၅ နှစ်အရွယ်ထိ ပြည်သူ ခြောက်ဦး ထိခိုက်ခဲ့ပါတယ်။ သူတို့အနက် ရေကျော်ရွာနေသူ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဝေရာမင်းဟာ ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဇွန်လ ၂၆ ရက်၊ ည‌နေ၄ နာရီ ၄၅ မိနစ်ခန့်မှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျန် ထိခိုက် ဒဏ်ရာ ရရှိသူတွေဖြစ်တဲ့ အသက် ၁၀ နှစ်အရွယ် မောင်ထက်မြတ်သူ၊ အသက် ၁၃ နှစ်အရွယ် မဆုမြတ်မွန်၊ အသက် ၃၅ နှစ်အရွယ် ကိုဆန်းမင်း နဲ့ အသက် ၇၅ နှစ်အရွယ် ဦးဖိုးနီတို့ဟာလည်း ဆေးကုသမှု ခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရေကျော်ရွာကို တိုက်ခိုက်အပြီး ကျိန္တလီမြို့ကိုလည်း ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် မဆောင်းဟေမာန်ခင် ဆိုသူလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

ရက္ခိုင်နယ်စပ်တွေကို စကမ က အင်အား ထပ်မံ ဖြည့်တင်းနေ

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

သက်တမ်းကုန်နေတဲ့ အလှကုန်များ မရောင်းချရန် AA သတိပေး

Rakhita Times

Leave a Comment