EnvironmentNewsPolitic

မိုင်းယု ၁၀၅ တွင် AA နဲ့ မဟာမိတ်တို့ သစ်ပင် ထောင်ကျော်စိုက်ပျိုး

အာရက္ခတိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၆)

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ် မိုင်းယု ၁၀၅ မိုင်တွင် အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေ ဇူလိုင်လ ၂၅ ရက်မှာ သစ်ပင် ထောင်ကျော်စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

““မနေ့ကတော့ ၁၀၅မိုင် အဝင်မှာ အပင် (၃၀၀) ကျော် စိုက်ပြီးသွားပြီ။ နောက်ပြီး ၁၀၅ မိုင်အထွက်နဲ့ လုံခန်‌‌ကျေးရွာဘက်ကိုသွားတဲ့ အောက်နမ့်ဟွယ် ရွာဘက်တွေမှာ စိုက်နေပါတယ်။ စိန်ပန်းပင်အပြင် အခြားအပင်တွေလည်း ပါပါတယ်။ အပင် အရေအတွက်ကတော့ (၁၀၀၀) ကျော်ရှိမယ်” လို့ ဒေသအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်‌တော် (မီနဂါးစစ်ဒေသ) ရဲမှူးတစ်ဦးက မိုင်းယုသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အဆိုပါကဲ့သို့ သစ်ပင်စိုက်ပျိုးခြင်းကို အာရက္ခတပ်တော်၊ ကိုးကန့်တပ်-(MNDAA)၊ ဆရာ/ဆရာမများ၊ ‌ကျောင်းသား/ကျောင်းသူများ၊ ဆေးရုံဝန်ထမ်းများနဲ့ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အဝင်လမ်းမကြီး တလျှောက်နဲ့ အောက်နမ့်ဟွယ်-လုံခန်ကျေးရွာကြားတွေမှာ ဇူလိုင်လ ၂၅ ရက်ကစတင်ပြီး သစ်ပင်များကို စိုက်ပျိုးနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေဟာ ၂၀၂၆ ခုနစ် ဇူလိုင်လ ၆ ရက်က မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်အတွင်း စားဝတ်နေရေး အခက်အခဲရှိနေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဆန်ထောက်ပံ့ပေးတာတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။

အလားတူ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနဲ့ စစ်ရှောင်များကို ဇွန်လ ၁၉ ရက်တွင်လည်း အာရက္ခတပ်တော်က ဆန်အိတ်တွေ လှူဒါန်းခဲ့ပါတယ်။

အာရက္ခတပ်တော်က ဆန်အိတ်လှူဒါန်းပေးခဲ့တဲ့သူတွေဟာ ၁၀၂၇ စစ်စဉ်ရေးကာလအတွင်း ပန်ဆိုင်းမြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်များနဲ့ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့ ရောက်ရှိလာကြတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မိုင်းယု

Related posts

နံရံကို ဦးခေါင်းနဲ့ တိုက်ရဦးမယ့် အာရက္ခပြည် ပြန်လည်ထူထောင်ရေး

Rakhita Times

စစ်မှုထမ်းရန်လာတဲ့ ကျောင်းသားတစ်ဦးကို မိဘထံ AA ပြန်လည်အပ်နှံ

Rakhita Times

ရက္ခိုင်တပြည်လုံး ပုဂ္ဂလိကဘဏ် လည်ပတ်မှု ရပ်ဆိုင်း

Rakhita Times

6 comments

Leave a Comment