EnvironmentNewsPolitic

စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမှာ ရေကြီးမှု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေ

အာရက္ခတိုင်းမ်စ် (၅ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေ၊ မောင်တောနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ကုန်းတွင်းပိုင်း ရေကြီးရေလျှံမှု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေတယ်လို့ သိရပါတယ်။

“ ရက္ခိုင်ပြည် (အထူးသဖြင့် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စတဲ့ မြောက်ပိုင်းဒေသများ) နဲ့ တနင်္သာရီ၊ မွန်၊ ကရင်ပြည်နယ်တို့တွင် ကာလလတ်အတွင်း မိုးရေချိန် ၃၀၀” mm” အထက်အထိ စုပုံလာနိုင်လို့ မြစ်ချောင်းများ လျှံခြင်းနဲ့ ကုန်းတွင်းပိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

ဇူလိုင် ၅ ရက်ကစတင်ပြီး ကာလတို၊ ကာလလတ်ကို Meteoblue ICON Model အရ ရက္ခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် မိုးရေချိန်ပမာဏ အရောင်ရင့် ပြောင်းလဲလာလို့ မိုးကြီးရေလျှံမှုအန္တရာယ်ကို သတိထားရမယ်လို့ သိရပါတယ်။

အလားတူ မြေပြိုဘေးအန္တရာယ် အနေနဲ့ ချင်းပြည်နယ်၊ ရက္ခိုင်င်ရိုးမတောင်တန်းနဲ့ တနင်္သာရီတောင်တန်းဒေသများတွင် မိုးရေချိန် စုစုပေါင်း များပြားလာခြင်းကြောင့် တောင်စောင်းမြေသားများ တည်ငြိမ်မှု ပျက်ပြားကာ မြေပြိုခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းများ ဖြစ်ပွားနိုင်တယ်လို့လည်း သိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က မုတ်သုံလေ အရှိန်ပြင်းထန်မှုကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်အထိ မြင့်တက်နိုင်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်လို့ ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းများ သတိပြုကြရန်လည်း နှိုးဆော်ထားပါတယ်။

Related posts

အာဏာရှင်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးပုံစံသစ်နှင့် အာရက္ခပြည်

Rakhita Times

ဦးဦးလှစောဟာ လွှတ်တော်ထဲမှာ ပြောစရာရှိရင် ဒဲ့ပြောတတ်တယ်။ ပြောနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။

Rakhita Times

တောင်မော်ကြီးရေတပ်စခန်းကို AA ပြန်လည် ထိုးစစ်ဆင်

Rakhita Times

Leave a Comment