EnvironmentNewsPolitic

ဂွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေ

အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်တွင် ဇူလိုင်လဆန်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းနေလို့ တောင်ပြို၊ မြေပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ဂွကနေ သံတွဲသွားတဲ့ ကားလမ်းမပေါ်မှာ တောင်ပြိုပြီး သစ်ပင်လဲတာတွေ ရှိနေတယ်။ သွားလာဖို့ တော်တော်လေး အခက်အခဲ ရှိနေတယ်။ လမ်းလည်း ပြင်လို့မရသေးဘူး။ မိုးက တောက်လျောက် ကောင်းနေတော့လေ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေလို့ ဂွမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်နေတယ်လို့လည်း သိရပါတယ်။

ရေနစ်မြုပ်နေတဲ့ ကျေးရွာတွေကတော့ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ချင်းကွင်း၊ ပေါက်တူးကွင်း၊ ကွမ်းကြီးကွင်း၊ ထန်းပင်ကုန်း၊ ကျွဲကူးဆိပ်၊ ရွှေပြည်၊ လယ်စ၊ ဒေါပုံ၊ ပေါက်တူး၊ ထိန်ကျင်း၊ ကန်ကျင်း၊ ဘုံမင်း၊ ရေစမ်းကြီး စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း စတင် ဖွဲ့စည်းလာတော့မှာဖြစ်လို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် ရုတ်တရက် တောင်ကျရေ လျှံခြင်း၊ မြစ်ရေကြီးခြင်းနဲ့ မြေပြိုခြင်း ဘေးအန္တရာယ်များကို အထူးဂရုပြု စောင့်ကြည့်သင့်တယ်လို့ ဆိုထားပါတယ်။

Related posts

အာရက္ခတပ်တော်မှ အမ်းကိုသိမ်း၊ နပခဌာနချုပ်သာ ကျန်

Rakhita Times

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

AA ရဲ့ လက်နက်ကြီးကြောင့် စစ်သင်္ဘော ၃ စီးမှာ ၁ စီး မီးလောင်နစ်မြုပ် ၁ စီး မီးခိုးအူပြီး ထွက်ပြေး

Rakhita Times

Leave a Comment