NewsPolitic

AA သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကို စကမ ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၅ မေ ၂၀၂၆)

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာက စကမရဲ့ ပင်မစခန်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး အဆိုပါ စခန်းကို စစ်ကော်မရှင်က ပြန်လည်ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ဒီလဆန်းမှာ လေလာတောင်ဖက်ကနေ ညောင်ကျိုးဖက်ကို ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်။ တပ်ချုပ်သစ်က အားစမ်းတာနေမယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ ညောင်ကျိုးစခန်းတိုက်ပွဲတွင် အာရက္ခတပ်တော်ရဲ့ တိုက်စစ်ကြောင့် စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး သေဆုံးခဲ့ပါတယ်။

“ကပစ ၆ ကို စစ်အင်အားတွေ ထပ်ပြီးတော့ ဖြည့်တင်းနေတာတွေ တွေ့နေရတယ်။ ကပစ ၆ ကနေ လေလာတောင်ဖက်ကိုလည်း ထိုးတယ်။ ဆန်လန်တောင်ဖက်ကိုလည်း ထိုးနေတယ်။ တပ်ဖြည့်ပြီး ထိုးနေတာ တွေ့နေရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ညောင်ခြေထောက်ရွာတွင် တည်ရှိတဲ့ ကပစ (၆) ကို လေသာတောင်၊ ဆင်လန်တောင်၊ စန်းပတ်လက်တောင် စတဲ့ စခန်းတွေနဲ့ ကာထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ကပစ (၆) တွင် လက်နက်ငယ်ကျည်ဆန်အခွံနဲ့ ကြေးပြားများကို ထုတ်လုပ်ပေးတဲ့ သံမဏိစက်ရုံကို တရုတ်ပညာရှင်များက တည်ဆောက်ပေးထားတာလည်း ဖြစ်ပါတယ်။

Related posts

အာဆာ (ARSA) ကြောင့် မူဆလင်လူမျိုးတွေ အခက်ကြုံနေရ

Rakhita Times

စစ်တွေမှာ စက်သုံးဆီ တစ်လီတာ လေးသောင်းဝန်းကျင်အထိ ဖြစ်နေ

Rakhita Times

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

Rakhita Times

173 comments

Leave a Comment