NewsPolitic

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်ပေါ့ ၁၁ ခွဲ လောက်မှာ ၃ ကြိမ် လာကြဲသွားတယ်။ ဘယ်နေရာကျလဲ အထိအခိုက်ရှိလားတော့ မသိရ‌သေးဘူး။ အဆက်အသွယ် လုပ်မရသေးဘူး။ ကျနော်တို့ဖက်က အသံတော့ ကောင်းကောင်း ကြားလိုက်ရတယ်” လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို နေ့လည် ၁၁ နာရီ ခွဲတွင် တစ်ကြိမ်၊ ၁၁နာရီ ၃၃ မိနစ်တွင် တစ်ကြိမ်နဲ့ ၁၁ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ကို လာကြဲသွားတာပဲ။ မြို့ထဲဖက်လို့တော့ ထင်ရတယ်” လို့ နောက်ထပ် တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အာရက္ခတိုင်းမ်စ်သတင်ဌာနအနေနဲ့ နေရာအတိအကျနဲ့ အထိအခိုက် ရှိ မရှိကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ရက္ခိုင်ကို AA ထိန်းချုပ်ထားတာကြောင့် စကမ ဈေးဆစ်ရင် လျှော့ပေးမှာမဟုတ်ဘူး

Rakhita Times

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

သံတွဲတွင် လိုင်စင်မရှိဘဲ ဆေးရောင်းချနေတဲ့ ဆေးဆိုင် ၅ ဆိုင်ကို AA သတိပေး

Rakhita Times

Leave a Comment