NewsPolitic

မအီမြို့ကို ရွေးတုအစိုးရ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်ပေါ့ ၁၁ ခွဲ လောက်မှာ ၃ ကြိမ် လာကြဲသွားတယ်။ ဘယ်နေရာကျလဲ အထိအခိုက်ရှိလားတော့ မသိရ‌သေးဘူး။ အဆက်အသွယ် လုပ်မရသေးဘူး။ ကျနော်တို့ဖက်က အသံတော့ ကောင်းကောင်း ကြားလိုက်ရတယ်” လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် မအီမြို့ကို နေ့လည် ၁၁ နာရီ ခွဲတွင် တစ်ကြိမ်၊ ၁၁နာရီ ၃၃ မိနစ်တွင် တစ်ကြိမ်နဲ့ ၁၁ နာရီ ၃၈ မိနစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာ နှစ်စီးနဲ့ကို လာကြဲသွားတာပဲ။ မြို့ထဲဖက်လို့တော့ ထင်ရတယ်” လို့ နောက်ထပ် တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အာရက္ခတိုင်းမ်စ်သတင်ဌာနအနေနဲ့ နေရာအတိအကျနဲ့ အထိအခိုက် ရှိ မရှိကို ဆက်လက် တင်ဆက်ပေးပါမယ်။

Related posts

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၂ ဦး AA ထပ်မံ ဖမ်းဆီးရမိ

Rakhita Times

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

Rakhita Times

ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေဟု AA ပြော

Rakhita Times

Leave a Comment