NewsPolitic

မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ ရက္ခိုင်အမျိုးသားအတွက် မေတ္တာရောင်ခြည်ပရဟိတအသင်း အလှူငွေပေးအပ်

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ထိုင်းနိုင်ငံမှာ ဆိုင်ကယ်မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ ရက္ခိုင်အမျိုးသားအတွက် မေတ္တာရောင်ခြည်ပရဟိတအသင်းက အလှူငွေ ပေးအပ်ခဲ့တယ်လို့ အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အဆိုပါ မတော်တဆမှုဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်၊ ညနေ ၅ နာရီ ၂၇ မိနစ် ထိုင်းနိုင်ငံ၊ ချုံဖော်မြို့၊ စီယက်ထုံခါမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မတော်ဆမှုကြောင့် ရက္ခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ကမားရွာသား ကိုဟိန်းထက်ကျော်ဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၂၄ နှစ်အရွယ်သာ ရှိ‌သေးတယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူနဲ့ စက်ရုံ တူတူလုပ်တဲ့ တောင်ကုတ်က သူငယ်ချင်းက ချုံဖော်မြို့၊ ထန်မဆင့်ရပ်ကွက် ခြံအလုပ်တစ်ခုမှာ မတော်တဆ အပင်က ပြုတ်ကျ သေဆုံးသွားတဲ့အတွက် သွားကြည့်ရင်း ဆိုင်ကယ်နဲ့ကား မတော်တဆ တိုက်မိတာပါ” လို့ အဆိုပါ ဆွေမျိုးတော်စပ်သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကိုဟိန်းထက်ကျော် သေဆုံးမှုအတွက် မေတ္တာရောင်ခြည်ပရဟိတအသင်းက အလှူငွေအဖြစ် ဘတ် ၄၀၀၀ ကို သေဆုံးသူရဲ့ မိခင်ဖြစ်သူထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“တစ်ရွာတည်းသားလည်း ဖြစ်တယ်။ ကူညီရတာက အသင်းအနေနဲ့ လှူဒါန်းခွင့်ရလို့လည်း ဝမ်းသာတယ်” လို့ အသင်းရဲ့ တာဝန်ရှိသူက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

သေဆုံးသူ ကိုဟိန်းထက်ကျော်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ နေ့လည် ၁ နာရီမှာ ချုံဖော်မြို့၊ စီယက်ထုံခါ ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

ကျောက်ဖြူက ရွာ ၃ ရွာကို စကမ ထပ်မံ ဗုံးချ

Rakhita Times

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ​​ရွေးချယ်

Rakhita Times

စစ်တွေမှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

Rakhita Times

Leave a Comment