NewsPolitic

NUG က ရက္ခိုင်ရေဘေးအတွက် ကျပ် သိန်း ၉၀၀ ခန့် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

NUG က ရက္ခိုင်ပြည် ရေဘေးကယ်ဆယ်ရေးအတွက် ကျပ် သိန်း ၉၀၀ ခန့် လှူဒါန်းပေးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးသင့်ပြည်သူများရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးဖို့အတွက် ကနဦးအဖြစ် တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၉၀၀ နီးပါး) ကို ကူညီပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရက္ခိုင်ပြည်အတွင်း ရေကြီးမှုဖြစ်စဉ်နဲ့ သဘာဝဘေးအန္တရာယ် ရင်ဆိုင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကူညီ ပံ့ပိုးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အာရက္ခပြည်သူတစ်ရပ်လုံးနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျေးဇူးတင်ရှိပြီး လေးလေးနက်နက် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်း အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရက္ခိုင်ပြည်သူတစ်ရပ်လုံးနှင့်အတူ ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဆိုပါကဲ့သို့ ရေကြီးရေလျှံမှုကြောင့် ရေးဘေးဒဏ်သင့် ရက္ခိုင်ပြည်သူတွေအတွက် ဗိုလ်ကြီး (ဟောင်း) နေမျိုးဇင်က ထိုင်းဘတ်ငွေ ၁၀၀၀၀၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF ကလည်း ငွေကျပ် သိန်း ၅၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကတဆင့် လှူဒါန်းခဲ့ပါတယ်။

အလားတူ 96 Soldiers PDF တပ်ဖွဲ့ ၁၀ သိန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ငွေကျပ် ၁၀ သိန်း၊ ကချင်တိုင်းရင်းသူ အဆိုတော် မိုင်းမိုင်ဆိုင်း က ငွေကျပ် သိန်း ၂၀ နဲ့ စောမဲကျီဖောင်ဒေးရှင်းက ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Related posts

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

Rakhita Times

‎ရန်ကုန်မှာ ငွေကျပ် ၂၅၇ ဘီလီယံကျော် မူးယစ်ဆေးဝါး ဖမ်းမိ၊ AA က ဗိုလ်မှူးကို ဖြတ်သန်းခပေးပြီး ရက္ခိုင်နဲ့ မလေးရှားကို ပို့လို့ စစ်ကော်မရှင်စွပ်စွဲ‎

Rakhita Times

ကျောက်ဖြူမြို့ AA လက်ထဲရှိနေပါက တရုတ်နဲ့ အပေးအယူလုပ်ကို လုပ်ရမှာ

Rakhita Times

Leave a Comment