NewsPolitic

မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို တစ်နေ့တည်း တစ်ချိန်တည်း ပြုလုပ်

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားနဲ့ ပေါက်တော မြို့အမည်ပြောင်းပွဲကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဇူလိုင်လ ၂၈ မနက် ၆ နာရီတွင် တစ်ချိန်တည်း ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မင်းပြားမြို့ကို အဥ္ဇနပူရမြို့ အဖြစ်နဲ့ ပေါက်တောမြို့ကို ဝီရဌာနီမြို့ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ မြို့နာမည် ပြောင်းလဲခြင်း အခမ်းအနားကို ULA/AA က ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများ၊ အာရက္ခစစ်သည်တော်များနဲ့ ဒေသခံပြည်သူ အများအပြားလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မင်းပြားမြို့ကနေ အဥ္ဇနပူရမြို့ အမည် ပြောင်းလဲလိုက်တဲ့ အနက် အဓိပ္ပာယ်မှာ ပါဠိ/သက္ကတအခြေခံ နာမည်ဖြစ်ပြီး “အဉ္ဇန” ဟာ အဉ္ဇနမြစ် (သို့) အဉ္ဇန ရဲ့ သမိုင်းဝင် နာမည်ကို ရည်ညွှန်းပြီး “ပူရ” မှာ “မြို့” လို့ အဓိပ္ပာယ်ရပြီး “အဉ္ဇနပူရ” ဟာ “အဉ္ဇနမြစ်ရဲ့မြို့” လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။

အလားတူ ပေါက်တောမြို့ကနေ ဝီရဌာနီမြို့ အမည် ပြောင်းလဲလိုက်တဲ့ အနက် အဓိပ္ပာယ်မှာ “ဝီရ” (သူရဲကောင်း၊ ရဲရင့်သူ) နဲ့ “ဌာနီ” (မြို့၊ နေရာ၊ ဌာန) ဆိုတဲ့ ပါဠိစကားလုံးနှစ်ခု ပေါင်းစပ်ထားခြင်းဖြစ်ပြီး “ဝီရဌာနီ” ဟာ “သူရဲကောင်းတို့ရဲ့မြို့”၊ “ရဲစွမ်းသတ္တိကို ကိုယ်စားပြုတဲ့မြို့” (သို့) “သူရဲကောင်းများ နေထိုင်ရာမြို့” လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။

Photo – APM

Related posts

အာရက္ခတော်လှန်ရေးမှာ မြိုလူငယ်တွေ ပါလာတာကို ကြိုဆို

Rakhita Times

တရုတ်က ဗဟိုအစိုးရနဲ့ လက်နက်ကိုင်တွေ သူ့အကျိုးစီးပွားကို မဆန့်ကျင်ဖို့ လုပ်နေ

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့တိုက်ခန်း ပြန်လည်ရ မရ အဖြေစောင့်နေဆဲ

Rakhita Times

Leave a Comment