EducationNewsPolitic

ဘူးသီးတောင်က မူဆလင်လူငယ်တွေ ပညာသင်ကြားနိုင်ရန် AA နဲ့ မော်လဝီဆရာများ တွေ့ဆုံဆွေးနွေး

အာရက္ခတိုင်းမ်စ် (၃၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်လူငယ်တွေ ပညာသင်ကြားနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ မော်လဝီဆရာတို့ ဇူလိုင်လ ၂၆ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ရက္ခိုင်ဘာသာ စကားမတတ်တဲ့ အားနည်းချက်များရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအနေနဲ့ ဆေးဝါးကုသမှုခံယူရာတွင် စကားပြန်လိုအပ်ခြင်း၊ လမ်းသွားလမ်းလာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ လူမျိုးနှစ်မျိုးအကြား အချိတ်အဆက် မရှိခြင်းအပြင် ရက္ခိုင်နန့် မူဆလင်လူမျိုးများအကြား လူမှုသဟဇာတကျနိုင်ရေးဝေးကွာသွားရခြင်းတို့ ဖြစ်ပေါ် လာရပါတယ်။ မာဒရာဆာပညာရေးနဲ့ အစိုးရ အတန်းစာပညာရေးတို့ဟာ မျက်လုံးနှစ်ဖက်နဲ့တူပြီး ပညာရေးနှစ်ခုစလုံးကို မျှတစွာ သင်ပေးသင့်ပါတယ်။ မူဆလင်ကျောင်းသားလူငယ်များကို အစိုးရခေတ်ပညာ သင်ပေးလိုက်ခြင်းအားဖြင့် မာဒရာဆာကျောင်းများ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာမလို​ဘဲ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ မောင်တောခရိုင် ပါတီခရိုင်မှူးက ဆိုပါတယ်။

အဆိုပါ မူဆလင်လူငယ်များ ပညာသင်ကြားနိုင်ရန် ဆွေးနွေးပွဲကို ULA မောင်တောခရိုင်ပါတီရုံးက ခရိုင်မှူးအပါအဝင် တာဝန်ရှိသူများ၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး၊ မောင်တောခရိုင် ပညာရေးမှူး၊ ဘူးသီတောင်မြို့နယ် ပါတီမြိုနယ်မှူးနဲ့ ဒု-မြိုနယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မူဆလင်ရေးရာကောင်စီအဖွဲ့ဝင်များ၊ ဂျူရီအဖွဲ့ဝင်လူကြီးများ၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မာဒရာဆာကျောင်းများက မော်လဝီဆရာများ၊ ကျောင်းဆရာများ၊ ခရိုင်မူဆလင်ရေးရာကောင်စီရုံး အသိအမှတ်ပြုထားတဲ့ ဗလီများက ရှေ့ဆောင်မော်လဝီဆရာများ စုစုပေါင်း (၃၀၉) ဦး တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“အရင် စစ်ကောင်စီ အစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ ကာလများတွင် ဦးစားပေးခြင်း မခံခဲ့ရတဲ့ မူဆလင်များကို လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရလက်ထက်တွင် ဦးစားပေးခံရခြင်းအပေါ် အထူး ဝမ်းမြောက် ဂုဏ်ယူပါတယ်။ အခုကဲ့သို့ မူဆလင် ကျောင်းသားလူငယ်များကို အတန်းစာပညာ သင်ကြားနိုင်ရေး အလေးထား တိုက်တွန်းနေခြင်းအပေါ်လည်း အထူးတလည် ကျေးဇူးတင်ရှိပြီး မော်လဝီများအနေနဲ့လည်း အာရက္ခအစိုးရနဲ့ ခိုင်မြဲစွာလက်တွဲပြီး တိုင်းပြည်တည်ဆောက်ရေးကဏ္ဍများတွင် အကောင်းဆုံး ပူးပေါင်းပါဝင် သွာပါမယ်” လို့ မော်လဝီဆရာတစ်ဦးက ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မာဒရာဆာကျောင်းပေါင်း (၂၅) ကျောင်းက မူဆလင် ကျောင်းသား/ကျောင်း သူများအတွက် ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာများကို လှူဒါန်းပေးခဲ့တယ်လို့လည် သိရပါတယ်။

Related posts

ကျောက်ဖြူစီမံကိန်းကို AA နဲ့ မဆွေးနွေးရင် လည်ပတ်နိုင်မည်မဟုတ်လို့ AOW ဆို

Rakhita Times

နိုင်ငံ‌ရေးမိုးကောင်းကင် ပြန်လည် နိုးထလာခြင်း

Rakhita Times

AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

Rakhita Times

10 comments

Leave a Comment