အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီခွဲခန့်မှာ ပေါက်ကွဲဒရုန်း (Suicide Drone) ၂ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဗုံး ၂ လုံးအနက် ၁ လုံးက ကျောင်းရဲ့ အရှေ့ဘက် ခြံစည်းရိုးအနီးမှာ ကျပေါက်ကွဲပြီး ခြံစည်းရိုးနဲ့ အနီးဝန်းကျင်က အဆောက်အအုံအချို့ ပျက်စီးခဲ့ပါတယ်။
ကျန် ၁ လုံးက ကျောင်းရဲ့ ခြံစည်းရိုးဘေးမှာ ကျခဲ့ပေမယ့် မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ ဒေသခံ ဒဏ်ရာရ၊ သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၁ ရက် ညဉ့်နက်ပိုင်းမှာလည်း ကျောက်ဆိပ်ကျေးရွာကို FPV ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်လာတဲ့ သဝင်ချောင်းရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။
