EnvironmentNews

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးထပ်မံကြီးမည်

အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၅)

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဟာ ဆက်လက်တည်ရှိနေပြီးတော့ ထိုလေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ပိုမိုအားကောင်း လာနိုင်ပြီး အားကောင်းတ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်ကို ရောက်ရှိနိုင်ပါတယ် လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုလေဖိအားနည်းရပ်ဝန်းက နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေများကို ဦးတည်ရွေ့လျားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့  အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အလွန်ကောင်းနေပြီး ဇူလိုင်လ ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရက္ခိုင်နဲ့ ရှမ်းတို့တွင် နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးပါမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းအလွန်ကြီးမှာဖြစ်ပြီး‌တော့ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေဟာ တနာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၄ ပေကနေ ၁၆ ပေခန့် ရှိနိုင်ပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့

သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာ‌ကြောင့် မြေနိမ့်ပိုင်းနေထိုင်သူများနဲ့ လေကြောင်းပျံသန်းမှုတွေ ဆည်မြောင်းတာတမံတွေ လိုအပ်တာ ပြင်ဆင်ထားရန်လည်း လိုအပ်ပါတယ်။

လက်ရှိမှာ အပူပိုင်းမုန်တိုင်းဝီဖာရဲ့ အရှိန်ကြောင့် ထိုင်းနိုင်ငံ မဲဆောက် နဲ့ မြန်မာနိုင်ငံတို့မှာ ရေကြီးရေလျံမူတွေ ဖြစ်ပေါ်နေပါတယ်။ ဇူလိုင်လ ၂၄ ရက်ကလည်း ရန်ကုန်မြို့မှာ လေဆင်နှာမောင်းတိုက်ခတ်မှုလည်း ဖြစ်ပေါ်ခဲ့တာကြောင့် သမ္မာန်လှေတိမ်းမှောက်ခဲ့ပြီး လူသေဆုံးမူတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်။

Related posts

Breaking News

Rakhita Times

ရက္ခိုင်မှာ စစ်ကောင်စီအုပ်ချုပ်ရေးအာဏာ ဆက်ပြီးကိုင်စွဲထားဖို့ မဖြစ်နိုင်

Rakhita Times

စပါးရိတ်စက်တွေကို စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းနေ

Rakhita Times

3 comments

maxispin_u_gsOt မတ် 2, 2026 at 8:41 မနက်

For those seeking an exceptional online gaming experience, us.com](https://maxispin.us.com/) stands out as a premier destination. At Maxispin Casino, players can enjoy a vast array of pokies, table games, and other thrilling options, all accessible in both demo and real-money modes. The casino offers attractive bonuses, including free spins and a generous welcome offer, along with cashback promotions and engaging tournaments. To ensure a seamless experience, Maxispin provides various payment methods, efficient withdrawal processes, and reliable customer support through live chat. Security is a top priority, with robust safety measures and a strong focus on responsible gambling tools. Players can easily navigate the site, with detailed guides on account creation, verification, and payment methods. Whether you’re interested in high RTP slots, hold and win pokies, or the latest slot releases, Maxispin Casino delivers a user-friendly and secure platform. Explore their terms and conditions, read reviews, and discover why many consider Maxispin a legitimate and trustworthy choice in Australia.
MaxiSpin.us.com serves as a modern solution for content creators and marketers alike.

**Features of MaxiSpin.us.com**
Users can enter their specifications and obtain customized content within minutes.

**Benefits of Using MaxiSpin.us.com**
MaxiSpin.us.com is cost-effective, delivering high-quality content at a much lower cost than traditional approaches.

Reply
Casino_ackt မတ် 28, 2026 at 8:41 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
Casino Pinco
Платформа отличается стабильной работой и высоким уровнем безопасности.

Reply
hghjfjdoss_rskr ဧပြီ 17, 2026 at 5:12 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
Progress in technology has allowed novel approaches to examining hghjfjdossa.

Reply

Leave a Comment