အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်က ပျက်စီးနေတဲ့ ကျေးရွာလမ်းတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီလူငယ်တွေနဲ့ ကျေးရွာဒေသခံလူငယ်တွေ ပူးပေါင်းပြီး ပြုပြင်နေတယ်လို့ သိရပါတယ်။
“ရေကြီးပြီးလို့ ရေပြန်ကျတဲ့အခါ ကျောက်ခင်းလမ်းတွေ ရေထဲ ပါတဲ့ဟာပါ။ နှုန်းတွေလည်း တင်ကျန်ခဲ့တယ်။ အဲလို ပျက်စီးသွားတာတွေကို ပြန်လည်ပြီး သွားလာရေး အဆင်ပြေဖို့ လမ်းပြန်ပြင်နေကြတာ” လို့ မြောက်ဦးမြို့နယ်ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မြောက်ဦးမြို့နယ်က ပီပင်ရင်းရပ်ရွာနဲ့ သပြေကန်ရပ်ရွာတွေက ရွာလမ်းတွေကိုတော့ သြဂုတ်လ ၁၁ ရက်မှာ ပြုပြင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇူလိုင်လဆန်းက စတင်ပြီး ရက္ခိုင်ပြည်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ မြို့နယ်အများစုဟာ ရေနစ်မြုပ်ခဲ့လို့ လမ်းပျက်စီးခြင်း၊ နေအိမ်မျောပါသွားခြင်းနဲ့ သောက်ရေကန်များ ရေဖုံးလွှမ်းခြင်းတွေ ဖြစ်ပွားခဲ့ါတယ်။
အဆိုပါကဲ့သို့ လမ်း၊ သောက်ရေကန် စတာတွေကို မြို့နယ် ရေဘေးကူညီရေးကော်မတီစင်တာက တာဝန်ရှိသူတွေ၊ DLEPS ဌာန၊ မီးသတ်တပ်ဖွဲ့များနဲ့ ရွာသူရွာသားများ စုပေါင်းပြီး ပြန်လည် ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။
Ref & Photo – ONN
