အာရက္ခတိုင်းမ်စ် (၁၉ သြဂုတ် ၂၀၂၆)
အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် ရောက်ရှိလာတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို သြဂုတ်လ ၁၈ ရက်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တာ်ထံ မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်ကြတဲ့ ကလေးငယ် ၃ ဦးကတော့ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာက အသက် ၁၃ နှစ်အရွယ် မောင်ကျော်ဆန်းဦး၊ မောင်စိုးနိုင်ဦး နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝင်းမင်းသန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကလေးငယ် ၃ ဦးဟာ သြဂုတ်လ ၁၃ မိဘတွေကို အသိမပေးဘဲ မိမိ ဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် လာရောက်ခဲ့တာလို့ သိရပါတယ်။
အာရက္ခတပ်တော်က မိမိဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို ကလေးမိဘတွေဖြစ်တဲ့ ဦးစောမြ၊ ဦးအောင်အောင်သန်းနဲ့ ဦးမောင်တင်ရွှေထံ ပြန်လည် အပ်နှံပေးခဲ့တာလို့ သိရပါတယ်။
Ref & Photo – ONN
