NewsPolitic

ပလက်ဝ စိမ်းညှင်းဝ ဗုံးကြဲခံရမှုတွင် သေဆုံး ထိခိုက်သူတွေကို ULA ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၂၆ ဩဂုတ် ၂၀၂၆)

ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို ရွေးတုအစိုးရက သြဂုတ်လ ၂၄ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အောက် ကလေးငယ် ၈ ဦး အပါအဝင် ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် သေဆုံးခဲ့သူတွေကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ငွေကျပ် ၁၈၅ သိန်းကို သွားရောက် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ပြည်သူ ၁ ‌ယောက်ကို ငွေကျပ် ၁၅ သိန်း၊ ဒဏ်ရာ အပြင်းစား ရရှိသူ ၁ ယောက်ကို ၁၀ သိန်းကျပ်နဲ့ ဒဏ်ရာ အသေးစား ရရှိသူ ၁ ယောက် ကို ၅ သိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ ကူညီခဲ့တာလို့ သိရပါတယ်။

“သေဆုံး ၅ ဦးအတွက် ၇၅ သိန်း၊ အပြင်းစား ဒဏ်ရာ ရတဲ့ ၅ ယောက်ကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၅၀၊ အသေးစာ ဒဏ်ရာ ရတာက ၁၂ ယောက် ၁ ယောက်ကို ၅ သိန်းနဲ့ သိန်း ၆၀၊ စုစုပေါင်း ၁၈၅ သိန်း ထောက်ပံ့ပေးခဲ့တာ” လို့ ပလက်ဝမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါ ထောက်ပံ့မှုကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီရုံးက ဦးဆောင်ပြီး မြို့နယ်ပါတီရုံး၊ ပါတီလူငယ်အင်အားစု၊ ခရိုင် HDCO ရုံး၊ မြို့နယ်အုပ်ချုပ်ရေးဌာနရုံးတို့ ပူးပေါင်းပြီး သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။
Photo – Paletwa Times

Related posts

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

Rakhita Times

AA အုပ်ချုပ်ပြီးနောက် အမ်းမြို့တွင် ကုန်ဈေးနှုန်း ထက်ဝက် လျော့ကျ

Rakhita Times

မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်မှ လူသက်သေ၊ ပစ္စည်းသက်သေများ မျှဝေပေးရန် IIMM တောင်းခံ

Rakhita Times

307 comments

Leave a Comment