NewsPolitic

၄ ကြိမ်မြောက် လောင်ဘော်ဆု ကျပ်သိန်း ၁ ထောင် တိုးမြှင့်

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၆)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဖွင့်လှစ်တဲ့ ၄ ကြိမ်မြောက် လောင်ဘော် (အာရက္ခထီ) အမြင့်ဆုံးဆုကြေးကို ငွေကျပ် သိန်း ၁ ထောင် တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ထီ (လောင်ပေါ်) ကို ပထမအကြိမ်အဖြစ် ဇွန်လ ၁ ရက်က စတင်ရောင်းချခဲ့ပြီး ဆုကြေးတွေကတော့ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း စသဖြင့် ဆုမဲပေါင်း ၃၉ ဆု ခွဲဝေပေးသွားတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၁ ရက်က စတင်ပြီး ရောင်းချပေးခဲ့ပြီး ဆုကြေးအနေနဲ့ အမြင့်ဆုံး ဆုကြေးကို ကျပ်သိန်း ၇၅၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၄၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ် ၁၀ သိန်းနဲ့ ကျပ် ၅ သိန်း ဆု အပါအဝင် စုစုပေါင်း ဆုမဲအရေအတွက် ၄၆ ဆုအထိ ပေးသွားတယ်လို့ သိရပါတယ်။

တတိယအကြိမ်အဖြစ် သြဂုတ်လ ၁ ရက်က စတင်ပြီး ရောင်းချပေးခဲ့ပြီး ဆုကြေးအနေနဲ့ အမြင့်ဆုံး ဆုကြေးကို ကျပ်သိန်း ၇၅၀၊ ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၄၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ် ၁၀ သိန်းနဲ့ ကျပ် ၅ သိန်း ဆု အပါအဝင် စုစုပေါင်း ဆုမဲအရေအတွက် ၄၆ ဆုအထိ ပေးသွားတယ်လို့ သိရပါတယ်။

စတုတ္ထအကြိမ်မြောက်မှာတော့ စက်တင်ဘာလ ၁ ရက်မှာ စတင်ရောင်းချနေပြီး အမြင့်ဆုံးဆုကြေးအဖြစ် ငွေကျပ် သိန်း ၁ ထောင်တိုးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပေါက်တောပြည်သူစာရင်း

Rakhita Times

အာရက္ခနိုင်ငံတော် လက်ထဲက သင် (သို့) သင့်လက်ထဲက အာရက္ခနိုင်ငံတော်

Rakhita Times

အတုအယောင်လွှတ်တော်က စစ်အာဏာရှင်အလိုကျပဲဖြစ်နေမှာ

Rakhita Times

Leave a Comment