EducationNewsPolitic

၁၈ နှစ်အောက် လူငယ်တွေကို ကွမ်း၊ ဆေးလိပ် နဲ့ အရက် မရောင်းရန် AA တားမြစ်

အာရက္ခတိုင်းမ်စ် (၂၂ သြဂုတ် ၂၀၂၅)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပလက်ဝ နဲ့ ရက္ခိုင်ပြည်က မြို့နယ်တွေမှာ အသက် ၁၈ နှစ်အောက် လူငယ်တွေကို ကွမ်းယာ၊ ဆေးလိပ် နဲ့ အရက် ‌ရောင်းချခြင်းမပြုရန် တားမြစ်ထားတယ်လို့ သိရပါတယ်။

“သြဂုတ်လ ၁၈ ရက်က စပြီး ပလက်ဝမှာတော့ မရောင်းချဘူးဆိုပြီး ဆိုင်တွေမှာ စာကပ်ပြီး အသိပေးထားတယ်။ ဒါဟာ ကောင်းတာဖြစ်တာမို့ သဘောကျပါတယ်” လို့ ပလက်ဝမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အသက် ၁၈ နှစ်အောက် လူငယ်တွေ ဆိုင်တွင် အရက်ဝယ်ယူခြင်း သောက်သုံးခြင်း မပြုပါ” ဆိုတဲ့ စာစောင်ကို အရက်ဆိုင်ရှေ့တွင် ကပ်ထားရပြီး ကွမ်းယာဆိုင်နဲ့ ဈေးဆိုင်တို့မှာ “အသက် ၁၈ နှစ်အောက် လူငယ်တွေ ဆိုင်တွင် ဆေးလိပ်၊ ကွမ်း ဝယ်ယူခြင်း မပြုပါ” စတဲ့ စာစောင်တွေပဲ ဖြစ်ပါတယ်။

“၁၈ နှစ်အောက် အရက်သေစာ မရောင်းတာကို ဝမ်းပန်းတသာ ကြိုဆိုတာပေါ့။ ကလေးတွေက မိဘမသိအောင် ခိုးသောက်ကြတာကို ဒီလိုလုပ်လိုက်တော့ ခိုးသောက်လို့ မရတော့ဘူးလေ။ ခိုးရောင်းတဲ့ ဆိုင်တွေကိုလည်း ထိထိရောက်ရောက် အရေးတော့ ယူစေချင်တယ်” လို့ ပလက်ဝမြို့ ဒေသခံမိခင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ၁၈ နှစ်အောက်ကို ကွမ်းယာ၊ ဆေးလိပ် နဲ့ အရက် ရောင်းချခွင့်ကို ပလက်ဝမြို့နယ်တွင် စတင်ကျင့်သုံးနေပြီး ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာလည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Photo – WLP

Related posts

ရာသီဥတုဒဏ်ကြောင့် ဂွမြို့ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦးသေဆုံး

Rakhita Times

စစ်တွေမှာ စစ်ကောင်စီရေတပ်က စက်သုံးဆီ အရောင်းအဝယ်ပြုလုပ်နေ

Rakhita Times

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

Rakhita Times

409 comments

Leave a Comment