NewsPolitic

ရက္ခိုင် မကွေးနယ်စပ် ၂ နေရာမှာ AA နဲ့ ရွေးတုတပ် တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်နဲ့ မကွေးတိုင်း နယ်စပ် ၂ နေရာမှာ အာရက္ခတ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးနေတာ။ တလိုင်းတောင်ဖက်ကနေ ထိုးလာတာ။ အခုဖြစ်တဲ့နေရာကတော့ ပဇီရွာနားက နတ်ရေကန်လမ်းဟောင်းမှာ တိုက်ပွဲတွေ ဖြစ်နေတာ။ စစ်တပ်ကတော့ လေကြောင်းပစ်ကူနဲ့ တောက်လျောက် ကူတိုက်ပေးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ မကွေးတိုင်း မင်းတုန်းမြို့နယ် အနောက်ဖက်ကနေ စစ်ကြောင်းထိုးလာတဲ့ ရွေးတုအစိုးရ တပ်စစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ သြဂုတ်လ ၃၀ ရက်က စတင်ပြီး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ရိုးပေါ်တက်တဲ့ လ်းပေါ်မှာ ဖြစ်နေတာ။ စစ်တပ်က သဖန်းဆိပ်ဖက်ကနေ တက်လာတာလေ။ အဲဒီကိုလည်း လေကြောင်းကနေ ဂျက်ဖိုက်တာရော Y-12 ရော လာလာပြီး ပစ်ကူတွေ ပေးနေတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်အင်အား ၁၀၀၀ ကျော်ကို အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၂ ) ကို ပို့ဆောင်ပြီးနောက် ဩဂုတ်လ ၂၂ ရက်မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်နေပြီလို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦး ဦးဆောင်တဲ့ အင်အား ၁၀၀၀ ကျော် ပါရှိတဲ့ စစ်ကြောင်းဟာ ဇွန်လဆန်းကလည်း ထပ်မံ ထိုးစစ် ဆင်ခဲ့ပါတယ်။

Related posts

‌ကျောက်ဖြူက စကမ နေရာအချို့ကို AA ပြန်လည်သိမ်းပိုက်

Rakhita Times

မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ ရက္ခိုင်အမျိုးသားအတွက် မေတ္တာရောင်ခြည်ပရဟိတအသင်း အလှူငွေပေးအပ်

Rakhita Times

BREAKING – တောင်ကုတ်ကို စကစ က ဂျက် ၅ စီးနဲ့ ဗုံး ၁၈ လုံးခန့် ကြဲချတိုက်ခိုက်

Rakhita Times

Leave a Comment