NewsPolitic

နတ်ရေကန်ကို အင်အင်ဖြည့်တဲ့စစ်ကြောင်း ၃ မိုင်အလိုတွင် တပ်ပျက်ပြေး

အာရက္ခတိုင်းမ်စ် (၄ စက်တင်ဘာ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပါင်းမဟာမိတ်တပ်တို့ ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာကုန်းကို စစ်အင်အားဖြည့်တင်းရန်လာတဲ့စစ်ကြောင်းဟာ နတ်ရေကန်ဗျူဟာကုန်းရောက်ရန် ၃ မိုင် အလိုတွင် တပ်ပျက် ထွက်ပြေးသွာတယ်လို့ သိရပါတယ်။

“နတ်ရေကန်နဲ့ ၃ မိုင်အကွာလောက်မှာရှိတဲ့ ပဇီရွာနားမှာ AA နဲ့ အဖွဲ့က ဖြတ်တိုက်တာလေ။ ကျန်ရစ်တဲ့ အလောင်းတောင် ၂၀ ကျော်တယ်။ ပြန်သယ်သွားတာတွေလည်း ရှိတယ်။ ကစင့်ကလျားဖြစ်နေတုန်း ထွက်ပြေးသွားတဲ့သူတွေ ရှိတယ်။ ဖမ်းမိတာလည်း ရှိတယ်။ အလင်းဝင်လာတာလည်း ရှိတယ်။ စစ်တပ်ကတော့ လုပ်နေကြအတိုင်း လေကြောင်းကနေတော့ တောက်လျောက် ပစ်ကူပေးနေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ စစ်မှုထမ်းဆင်း သင်တန်းသားတွေနဲ့ ငဖဲမြို့နယ် ပဒါန်းကနေ နတ်ရေကန်ဗျူဟာကုန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းကို ပိတ်ဆို့ထားပြီး လေလာတောင်ကြောမှာ အထိုင်ချကာ ရွေးတုအစိုးရတပ်ရဲ့ ထိုးစစ်ကို ခုခံနေတာလည်း ဖြစ်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ နတ်ရေကန်ကို လူအင်အားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေ ပို့ဆောင်နိုင်ရန် လမ်းဟောင်းရော လမ်းသစ်ပါ အသုံးပြုပြီး စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို သိမ်းနိုင်ခဲ့ရင် ပဒါန်းတပ်နယ်ကို ခြိမ်းခြောက်နိုင်ပေမယ့် နတ်ရေကန်ကမ္ဘာလုံးစခန်းဟာ လေကြောင်းပစ်မှတ်တစ်ခုဖြစ်ပြီး မကွေးလေတပ်စခန်းဌာနချုပ်နဲ့ အလွန်နီးကပ်လို့ မသိမ်းတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

Related posts

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

နတ်ရေကန်ကို အမတ ၉၀၅ ကနေ စစ်မှုထမ်းသစ်နဲ့ လက်နက် ရိက္ခာတွေ ပို့ဆောင်နေ

Rakhita Times

ရက္ခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ စာရင်းထုတ်ပြန်

Rakhita Times

Leave a Comment