NewsPolitic

ဂွမြို့နယ် ကမ်းသာယာကမ်းခြေမှာ ရေဆင်းကူးတဲ့ ဇနီးမောင်နှံအပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကမ်းသာယာ ပင်လယ်ကမ်းခြေမှာ အပန်းဖြေ ရေဆင်းကူးတဲ့ လူငယ်တစ်စုထဲက ဇနီးမောင်နှံနှစ်ဦးအပါအဝင် လူငယ် ၄ ဦး အောက်တိုဘာလ ၂၈ ရက်က ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မွန်းလွဲ ၃ နာရီခန့်မှာ လူငယ်တစ်စု ရေဆင်းကူးနေတုန်း လှိုင်းရိုက်ခတ်ပြီး ရေစီးကြောင်းထဲ မျောပါသွားတာလို့ သိရပါတယ်။

သေဆုံးသူတွေက အသက် ၂၄ နှစ်အရွယ် မောင်ထွန်းလင်းအောင်နဲ့ အသက် ၂၀ အရွယ် မသက်နှင်းဝေတို့ ဇနီးမောင်နှံ၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကလာတဲ့ အသက် ၁၇ နှစ်အရွယ် မမေပိုးအိမ်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဇွဲနေသွေးတို့ ဖြစ်ပါတယ်။

ရေနစ်နေတာကို သိတာနဲ့ နီးစပ်ရာ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက ချက်ချင်း ဝင်ကူဆယ်ခဲ့ပေမဲ့ ၄ ဦးလုံး သေဆုံးခဲ့ပြီး အတူပါလာတဲ့ ကျန်သူတွေကိုတော့ အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပါတယ်။

ကမ်းခြေတွေမှာ ရေဆင်းကူးမယ့်သူတွေ လှိုင်းနဲ့ ရေစီးကြောင်း အန္တရာယ်ကို သတိထားဖို့၊ လုံခြုံရေးသတိပေးချက်တွေကို လိုက်နာဖို့ ဒေသခံပြည်သူတွေက တိုက်တွန်းပါတယ်။

Related posts

ကမ်းပါးပြိုလို့ နေအိမ်ပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၅၅ စုအတွက် တစ်အိမ်ထောင်လျင် ၅ သောင်းစီ လှူဒါန်း

Rakhita Times

စစ်တွေမှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအပြင် ပစ်မိန့်ပါထုတ်ထား

Rakhita Times

ကျောက်ဖြူ သပြုတောင်ရွာကို ဖျက်စီးခဲ့ကြောင်း စစ်တပ်ချန်နယ်က အတည်ပြု

Rakhita Times

Leave a Comment