NewsPolitic

မြောက်ဦးက စစ်ဘေးရှောင် ၃၀၀ ကျော်ကို ULA စားနပ်ရိက္ခာ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးခရိုင်ထဲက စစ်ဘေးရှောင် ပြည်သူတွေအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ရှောင်ကော်မတီက စက်တင်ဘာလ ၁၅ ရက်မှာ တစ်လစာ အခြေခံ စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထောက်ပံ့နိုင်ဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ တရားဥပဒေစိုးမိုးရေး (DLEPS) ဌာန၊ ပါတီ၊ အုပ်ချုပ်ရေး၊ HDCO နဲ့ အမျိုးသမီးအင်အားစုတို့ ပါဝင်တဲ့ စစ်ရှောင်ကော်မတီအဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာလို့လည်း သိရပါတယ်။

စစ်ရှောင်ကော်မတီက ထောက်ပံ့ပေးခဲ့တာကတော့ မြောက်ဦးခရိုင်ထဲမှာရှိတဲ့ မြို့နယ် ၅ ခုက စစ်ဘေးရှောင် အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၃၁၀ ဦး ဖြစ်ပါတယ်။

အိမ်ထောင်စု တစ်စုချင်းစီအတွက် ဆန် လူတစ်ဦးကို တစ်ရက် နှစ်ဘူးနှုန်းနဲ့ တွက်ချက်ပေးခဲ့သလို၊ ဆီ ၁ လီတာနဲ့ ဆား ၁ ပိဿာစီကိုပါ တစ်လစာအဖြစ် ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ရိက္ခာတွေ ထောက်ပံ့ပေးရတာဟာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေ့စဉ် စားဝတ်နေရေး အခက်အခဲကို တစ်စိတ်တစ်ပိုင်း ကူညီ ဖြေရှင်းပေးချင်လို့ ဖြစ်ပြီး၊ ရက္ခိုင်ပြည်ထဲက အခြားမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကိုလည်း ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ စစ်ရှောင်ကော်မတီဆီကနေ သိရပါတယ်။
Photo – One Nation News

Related posts

စစ်ကောင်စီက လျှော့မယ့်ပုံ မရှိတာကြောင့် လက်နက်နဲ့ပဲ စကားပြောရမယ်

Rakhita Times

ကျောက်တော် ပန်းဖဲချောင်းရွာ ရွာလုံးကျွတ် ရေမြုပ်နေ၊ အရေးပေါ် အကူအညီ လိုအပ်နေ

Rakhita Times

တောင်မော်ကြီးရေတပ်စခန်း ကျဖို့ ကာကင်းတခုသာကျန်ရှိ

Rakhita Times

Leave a Comment