NewsPolitic

ရွှေမောင်းတန်း၊ ငွေမောင်းတန်း ဆုကြေးငွေတွေနဲ့ ရက္ခိုင်ရိုးရာ ကျင်ပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် မပျောက်ပျက်အောင်နဲ့ မျိုးဆက်သစ် ကျင်သမားတွေ ပေါ်ထွန်းလာအောင် ရည်ရွယ်ပြီး ရွှေမောင်းတန်း၊ ငွေမောင်းတန်း ဆုကြေးငွေတွေနဲ့ ရက္ခိုင်ရိုးရာ ကျင်ပွဲကို ရက္ခိုင်ပြည်မှာ ကျင်းပနေကြောင်း သိရပါတယ်။

ဒီရိုးရာကျင်ပွဲကို ကျင်ကလပ်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာလ ၂၃ ရက်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့တဲ့ ရွှေမောင်းတန်းပြိုင်ပွဲမှာ ပထမဆုရှင်ကို ကျပ်သိန်း ၃၀၊ ဒုတိယဆုရှင်ကို ကျပ်သိန်း ၂၀ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

ကျင်ကလပ် ဥက္ကဋ္ဌ ကိုမင်းမင်းထွန်းက “ကျင်အားကစားဆိုတာ ရက္ခိုင်လူမျိုးတွေအတွက် အားကစားတစ်ခုတည်း မဟုတ်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားအမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေ ပိုစိတ်ဝင်စားလာပြီး ရိုးရာမပျောက်အောင် ထိန်းသိမ်းဖို့ အခုလို ကျင်းပရတာပါ” လို့ One Nation News ကို ပြောကြားခဲ့ပါတယ်။

ကျင်ကလပ်ကို ဝါရင့် ကျင်အားကစားသမားဟောင်းတွေက မျိုးဆက်သစ်လူငယ်တွေ မွေးထုတ်ပေးဖို့နဲ့ ရိုးရာအမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ဇွန်လ ၃ ရက်ကတည်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Ref & Photo – One Nation News

Related posts

ကျိန္တလီကို ရွေးတုတပ် ဗုံးကြဲလို့ ပြည်သူ ၈ ဦး အစုလိုက် အပြုံလိုက် သေဆုံး

Rakhita Times

ကျောက်ဖြူတွင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ရွာတွေကို ကွင်းဆင်းကုသပေး

Rakhita Times

ရက္ခိုင်ပြည် ပဲ့ထွက်မသွားဖို ICJ ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံတာလို့ ALP ပြော

Rakhita Times

Leave a Comment