အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် အဥ္ဇနပူရမှာ သူခိုးတွေဆီကနေ ဖမ်းဆီးရမိထားတဲ့ စက်လှေတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (ဒီလပ်) က မူလပိုင်ရှင်တွေဆီ ပြန်လည် အပ်နှံပေးနေတယ်လို့ သိရပါတယ်။
ဒီလပ်ဌာနက ဖမ်းဆီးရမိထားတဲ့ စက်လှေ ၄၁ စီးထဲက စက်တင်ဘာ ၁၅ ရက်နေ့မှာ ၉ စီးကို ပိုင်ရှင်တွေဆီ ထပ်မံ လွှဲပြောင်းပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးအပတ်ကတည်းက အထောက်အထားတွေ စိစစ်ပြီး အဆင့်ဆင့် ပြန်လည် ပေးအပ်နေတာလည်း ဖြစ်ပါတယ်။
“ခိုးရာပါ စက်လှေ ၄၀ ကျော်ကို ဖမ်းဆီးရမိထားတာ ရှိပါတယ်။ အဲဒီ စက်လှေတွေကို မူလပိုင်ရှင်တွေက အချက်အလက် မှန်မှန်ကန်ကန်နဲ့ တင်ပြနိုင်ရင် သေချာစစ်ဆေးပြီး ပြန်လည် လွှဲပြောင်းပေးနေတာပါ။ ကျန်တဲ့ စက်လှေတွေကိုလည်း အချက်အလက် အပြည့်အစုံနဲ့ ပြနိုင်ရင် ဆက်လက် လွှဲပြောင်းပေးသွားမှာပါ” လို့ ပြောပါတယ်။
အလားတူ ရက္ခိုင်ပြည် မြေပုံမြို့နယ်အတွင်း ခိုးရာပါ ဖိုင်ဘာစက်လှေများကို မူလပိုင်ရှင်များထံ တရားဥပဒေစိုးမိုးရေနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်မှာ ပြန်လည် အပ်နှံခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်ကလည်း မြောက်ဦးခရိုင်အတွင်း သူခိုးများ ခိုးယူထားတဲ့ ခိုးရာပါ ဆိုင်ကယ်များကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ပါတယ်။
