NewsPolitic

ပြည်သူတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြည်ပ‌ရောက်ညီနောင်ပရဟိတအသင်းများ ရှုံ့ချ

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၆)

စစ်ကောင်စီက အရပ်သားပြည်သူတွေ ရှိရာ နေရာတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြည်ပ‌ရောက်ညီနောင်ပရဟိတအသင်းများအ‌နေနဲ့ ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

“ရွေးတုအစိုးရ အုပ်ချုပ်တဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲတွေမှာ မနိုင်တော့လို့ အရှုံးကို လက်မခံဘဲ ရှုံးမဲ မဲပြီးတော့ ဘာမှ အပြစ်မရှိတဲ့အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်တယ်ဗျ။ ဒီတစ်ကြိမ်တည်းလားဆို မဟုတ်ဘူး။ ဆေးရုံ၊ ဆေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေကအစ ဗုံးကြဲနေတာ ဖြစ်တယ်။ အထူးသဖြင့် ရက္ခိုင်ဒေသကို အဓိက လူမျိုးရေးအရ မုန်းတီးထားပြီးတော့ လုပ်နေတာ အများစု တွေ့ရတယ်ဗျ။ ဒီလိုမျိုး လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ ပြည်ပမှာ ရောက်နေတဲ့ ပရဟိတ အသင်းအဖွဲ့စည်းတွေအနေနဲ့ ဒါကို ကန့်ကွက်ရှုံ့ချပါတယ်” လို့ အဆိုပါ အသင်းများရဲ့ စာရင်းကိုင် ကိုကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူများစွာရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံး နစ်နာလျက်ရှိနေပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေအနေဖြင့် စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို နှောင့်နှေးမှုမရှိဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

ပြည်ပ‌ရောက်ညီနောင်ပရဟိတအသင်းများကို လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသောအလင်းရောင်ကြယ်ပွင့်များပရဟိတအသင်း၊ ARAKAN လူငယ် ပရဟိတအသင်း၊ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့်ချီတက်ကတ်မေလူငယ်ပရဟိတအသင်း၊ အဖြူရောင်သံယောဇဉ်မောင်နှမများပရဟိတအသင်း၊ ရက္ခိတဒါနလူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း၊ ARAKAN STAR CHARITY၊ နိုင်ငံတကာရောက်ခမီအမျိုးသားအသင်း၊ မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်း၊ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်း၊ ရက္ခိတပုံရိပ်ညီအစ်ကိုမောင်နှမပရဟိတအသင်း၊ အမျိုးကိုသျှစ်သွီးကိုစစ်ပြည်ပရောက်လူငယ်ပရဟိတအသင်းနဲ့ လေးဝတီနာရေးကူညီမှူအသင်း စတဲ့ အသင်း ၁၅ သင်းနဲ့ဖွဲစည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ပါ တိုင်းနဲ့ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးကော်မတီများ ဖွဲ့စည်း

Rakhita Times

ကျောက်ဖြူ ကြက္တိန်ရွာကို ဗုံး ၄ ကြိမ်လာကြဲ၊ နေအိမ် နဲ့ ဆန် အများအပြား ပျက်စီး

Rakhita Times

ကျောင်းသား ၅၀ သေဆုံးနိုင်တဲ့ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု

Rakhita Times

Leave a Comment