NewsPolitic

အဉ္ဇနပူရမြို့နယ်၊ အိုးသည်ရွာလူသတ်မှုက တရားခံနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒီလပ်ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည၊် အဉ္ဇနပူရမြို့နယ်၊ အိုးသည်ရွာတွင် ဩဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရွာသားတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုက ကျူးလွန်သူ တရားခံနှစ်ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဖမ်းဆီးအရေးယူထားတယ်လို့ အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်လိုက်ပါတယ်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၉ ရက်က အိုးသည်ရွာက ဦးကျော်လှ (ခ) မောင်လုံးကြီးဟာ သူ့ရဲ့လယ်တဲနား လယ်ကွင်းထဲတွင် ထက်မြတဲ့လက်နက်နဲ့ ထိုးခုတ်ခံရတဲ့ ဒဏ်ရာများနဲ့ သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူရဲ့ ညီမဖြစ်သူက သက်ဆိုင်ရာ ဒီလပ်စခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ အမှုဖွင့် တိုင်တန်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒီလပ် တာဝန်ရှိသူများက အခင်းဖြစ်ရပ် အနီးဝန်းကျင်က သက်သေခံသဲလွန်စများနဲ့ ထွက်ဆိုချက်များကို အခြေခံပြီး စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပွားတဲ့ညက သေဆုံးသူရဲ့ တဲနားတွင် ရှိနေခဲ့ကြတဲ့ ကွမ်းသီးခင်း အငှားစောင့်များဖြစ်တဲ့ လှမောင်သန်း (ခ) ပေါက်စနဲ့ မင်းသိန်းတို့နှစ်ဦးကို သံသယနဲ့ စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးချက်အရ တရားခံနှစ်ဦးဟာ အခင်းဖြစ်တဲ့ညတွင် သေဆုံးသူနဲ့အတူ အရက်အတူတူသောက်ကြရင်း စကားများ ရန်ဖြစ်ရာကနေ ဒေါသထွက်ကာ သူတို့နဲ့အတူ ပါလာတဲ့ ဓားရှည်များနဲ့ ဝိုင်းဝန်း ခုတ်သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ယခုအခါ အဆိုပါ တရားခံနှစ်ဦးကို တရားဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့အညီ အမှုခိုင်မာစွာ တည်ဆောက်ပြီး အဉ္ဇနပူရမြို့နယ် တရားရုံးကို တရားစွဲ တင်ပို့နိုင်ရေး ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

အမ်းမြို့ပေါ် တိုက်ပွဲရှောင်တွေ မြေမြှုပ်မိုင်းကြောင့် နေရပ်မပြန်နိုင်သေး

Rakhita Times

ကျောက်ဖြူက ရွာ ၃ ရွာကို စကမ ထပ်မံ ဗုံးချ

Rakhita Times

သံတွဲကို စကမ ဗုံး ၃ လုံးလာကြဲ(Breaking News)

Rakhita Times

Leave a Comment