NewsPolitic

ပြည်သူလူထု အမိုးအကာအောက်မှာ အေးအေးဆေးဆေး နေနိုင်ဖို့ ကြိုးစားနေတယ်လို့ စောမြရာဇာလင်း ပြော

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)

တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ ပြည်သူလူထု အမိုးအကာအောက်တွင် အေးအေးဆေးဆေး နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းက ဒီကနေ့ အောက်တိုဘာလလ ၁၅ ရက်တွင် နေပြည်တော်မှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့် အခမ်းအနားတွင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို ရပ်စဲနိုင်ရန်အတွက် ဘက်တစ်ဘက်တည်းနဲ့ ရပ်စဲလို့မရဘဲ ပြဿနာတွင် ပါဝင်နေတဲ့ ပုဂ္ဂိုလ်များအားလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုတဲ့ဆန္ဒ အဓိကရှိရန် လိုအပ်ကြောင်း ဒေါ်စောမြရာဇာလင်းက ထောက်ပြထားပါတယ်။

ဒါ့အပြင် အပြင်ဘက်တွင် စကားလှလှပြောပြီး အတွင်းမှာ ပုံစံတစ်မျိုး လုပ်ဆောင်နေပါက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရန် မလွယ်ကူကြောင်းလည်း သူမက ဆိုပါတယ်။

တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး မိမိပါတီ၊ မိမိအဖွဲ့အစည်းနဲ့ မိမိလူမျိုး တစ်ခုတည်းအတွက် မကြည့်ဘဲ တစ်တိုင်းပြည်လုံး ပါဝင်တဲ့ ပုံစံနဲ့ ရှေ့ဆက်ရမှာဖြစ်ပြီး အားလုံးတစ်ပြိုင်တည်း မပါဝင်နိုင်သည့်တိုင် ပါဝင်နိုင်တဲ့ ပုဂ္ဂိုလ်များ စားပွဲဝိုင်းတွင် အဖြေရှာနိုင်ပါက စစ်ပွဲများ လျှော့ချနိုင်မှာဖြစ်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ပွဲသံသရာနဲ့ ပြဿနာများရဲ့ အခြေခံအကြောင်းအရင်းဟာ တန်းတူရည်တူ မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနဲ့ ဗိုလ်ကျစိုးမိုးမှုများကြောင့် ဖြစ်ရတယ်လို့လည်း စောမြရာဇာလင်းက ဆက်လက် ပြောဆိုပါတယ်။

NCA စာချုပ် ရေးဆွဲစဉ်ကပင် တန်းတူခွင့်၊ ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်တို့ကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

လူမျိုးတစ်မျိုးနဲ့တစ်မျိုး ဗိုလ်ကျစိုးမိုးမှုနဲ့ နာကျည်းမှုများ မဖြစ်ပေါ်စေရန် သတိထားရမှာဖြစ်ပြီး ပြဿနာများကို ငြိမ်းချမ်းစွာ စကားပြောဆို ဖြေရှင်းနိုင်မယ့် စားပွဲဝိုင်းနဲ့ နေရာအခွင့်အလမ်းများကို ဖန်တီးပေးထားရန် လိုအပ်တယ်လို့လည်း ALP ဥက္ကဋ္ဌ စောမြရာဇာလင်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

Rakhita Times

သံတွဲမြို့ပေါ်ကို ဗုံးကြဲ၊ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

ပန်းနီလာစစ်ရှောင်စခန်းကို ဂျက်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်(Breaking News)

Rakhita Times

Leave a Comment