NewsPolitic

စစ်တွေ ဒကစကို AA တိုက်ခိုက် ဗိုလ်မှူးအဆင့် အပါအဝင် ၆ ဦးထက်မနည်း သေဆုံး

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထဲကို အာရက္ခတပ်တော် (AA) က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ ၆ ဦးထက်မနည်းနဲ့ တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အောက်တိုဘာ ၂၂ ရက် နေ့မှာ ဒကစထဲကို ကျနော်တို့ဘက်က ပစ်ခတ်မှုကြောင့် သူတို့စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတွေအပါအဝင် အရာရှိ ၆ ယောက်ထက်မနည်း ကျဆုံးသွားတာရှိတယ်။ နောက်ပြီးတော့ တခြားအဆင့် စစ် သည်တွေလည်း အများအပြား ကျဆုံးတာတွေ ရှိတယ်။ ဒါ့ကြောင့် သူတို့က အဲဒါကို လက်စားချေတဲ့အနေနဲ့ ပြောမယ်ဆိုရင် အငြိုးအတေးနဲ့ ရက္ခိုင်သေရင် ပြီးပြီဆိုပြီးတော့ စစ်တွေမြို့ထဲ လူနေရပ်ကွက်တွေကို သွားပြီးတော့ ဗုံးကြဲတာ။ ပြောမယ်ဆိုရင်တော့ ဒီဟာက စစ်ဘက်နဲ့ မဆိုင်တဲ့အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်၊ သတ်ဖြတ်တယ်ဆိုတာကတော့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်။ ဒီအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေအတွက် သူတို့ အကြမ်းဖက်မြန်မာစစ်တပ်က တာဝန်ယူမှု တာဝန်ခံမှုရှိရမှာ ဖြစ်တယ်။ မတရား သတ်ဖြတ်ခံရတဲ့ ကျနော်တို့ရဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှုရရှိအောင် ကျနော် တို့ ULA/AA အနေနှင့် အကောင်းဆုံး လက်တုံ့ပြန် တိုက်ခိုက်သွားမှာ ဖြစ်တယ်” လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၂၃ ရက် နံနက်ပိုင်းမှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ စစ်တွေမြို့ထဲက လူနေရပ်ကွက်တွေကို ဗုံး ၂ လုံး ကြဲခဲ့ပါတယ်။

ဒီဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်တာဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သေဆုံးသွားတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် တုံ့ပြန်တိုက်ခိုက်သွားမယ်လို့လည်း AA က ပြောဆိုထားပြီး၊ ရက္ခိုင်ပြည်ထဲမှာ ကျန်နေတဲ့ စစ်ကောင်စီတပ်အားလုံးကို ရှင်းထုတ်သွားမယ်လို့ ဆိုပါတယ်။

Related posts

ကျောက်တော် သရက်တပင် လေကြောင်းတိုက်ခိုက်ခံရမှု အထောက်အထားတွေကို IIMM ကတောင်းခံ

Rakhita Times

ရက္ခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုး ဆာမူရိုင်းများကို ရှာဖွေခြင်း (၁)

Rakhita Times

ငါးခိုးဖမ်းသူ ၉ ဦး AA ထပ်မံ ဖမ်းဆီး

Rakhita Times

Leave a Comment