NewsPolitic

စစ်တွေ ကစ္ဆနဒီမြစ်ထဲမှာ စစ်ကောင်စီ စစ်သင်္ဘော ၃ စီးကို AA တိုက်ခိုက်၊ ၂ စီးနစ်မြုပ်

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ ကစ္ဆနဒီမြစ်ထဲမှာ ရပ်ထားတဲ့ စစ်ကောင်စီ စစ်သင်္ဘော ၃ စီးကို အာရက္ခတပ်တော် (AA) က သီတင်းကျွတ်လပြည့်နေ့မှာ တိုက်ခိုက်ခဲ့ကြောင်း စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သင်္ဘော ၂ စီး မြစ်ထဲ နစ်မြုပ်သွားပြီး ကျန်တစ်စီး ပျက်စီးသွားခဲ့တယ်လို့ သူက ဆိုပါတယ်။

“စစ်​တွေမြို့​ရှေ့၊ ကစ္ဆနဒီမြစ်ထဲမှာ ရပ်နားပြီး ပြည်သူတွေကို ဒုက္ခ​ပေး​နေတဲ့ စစ်​ခွေးသင်္ဘော ၂စီး နစ်မြုတ်ပြီး ၁စီးပျက်စီး​အောင် သီတင်းကျွတ်လပြည့်​နေ့က အာရက္ခတပ်​တော်တိုက်ခိုက်ခဲ့” လို့ စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကစ္ဆနဒီမြစ်ကြောင်းအတိုင်း သွားလာနေတဲ့ ပြည်သူတွေကို ထိခိုက်စေတဲ့ စစ်ကောင်စီ ရေတပ်ယာဉ်တွေကို AA က သီတင်းကျွတ်အခါတော်နေ့မှာ တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ပတ်လည်က စစ်ကောင်စီရဲ့ အဓိက ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က တစ်ခုပြီးတစ်ခု ဝန်းရံသိမ်းပိုက်နေရာ ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိက ရှေ့ထွက်ကာကင်းစခန်း ဖြစ်တဲ့ အမြင့်ကျွန်းဝန်းကျင်က တပ်စခန်းတစ်ခုကိုလည်း ထပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေလို့ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် အမြင့်ကျွန်းဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေ အလွန်နည်းနည်းပဲ ကျန်တော့ပြီး ပါဒလိတ်ဘက် ထွက်ပေါက်ဝမှာ ကျန်နေတဲ့ စခန်းတွေကိုလည်း AA က ဆက်ပြီး ရှင်းလင်းနေတယ်လို့ သိရပါတယ်။

Related posts

ရွေးတုအစိုးရက ရက္ခိုင်ကို နတ်ရေကန်နဲ့ ညောင်ကျိုးက တိုးမရလို့ မင်းတုန်းကနေ တိုးကြည့်နေ

Rakhita Times

AA က တစ်လအတွင်း အမတ ၃၄၄ နားက ကာကင်း ၆ ခု သိမ်းပိုက်

Rakhita Times

ကျောက်ဖြူ ကြတ္တိန်ရွာကို စကမ ထပ်မံ ဗုံးချ၊ ပြည်သူ ၃ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment