BusinessNewsPolitic

ငါးခိုးဖမ်းသူ ၉ ဦး AA ထပ်မံ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၈ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မောင်တောမြိ့်နယ်၊ ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမား ၉ ယောက်ကို ဒီကနေ့ (ဒီဇမ်ဘာ ၁၈ ရက်) တွင် အာရက္ခတပ်တော် ရဲ့ ကမ်းရိုးတန်းလုံခြုံရေးစစ်ကြောင်း ထပ်မံ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ်၊ အလယ်သံကျော်ကမ်းစပ်၊ ရက္ခိုင်ပိုင်နက်အတွင်း မနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမား ၅ ယောက်ပါ ဘုတ်တစီးနဲ့ ၇ နာရီ မိနစ် ၄၀ ခန့်တွင် ငါးဖမ်းသမား ၄ ဦးပါ ငါးဖမ်းဘုတ်တစီး၊ စုစုပေါင်း ငါးဖမ်းသမား ၉ ဦးနဲ့ ဘုတ်နှစ်စီးကို  အာရက္ခတပ်တော်၊ ကမ်းရိုးတန်းလုံခြုံရေးစစ်ကြောင်းကဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမား ၆ ယောက် နဲ့ ငါးဖမ်းလှေ ၅ စီး ဖမ်းဆီးမိခဲ့ပါသေးတယ်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးနဲ့အတူ ငါးဖမ်းလှေ ၂ စီးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ထို့နောက်နိုဝင်ဘာလ ၁၈ ရက်ကလည်း ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရက္ခိုင်ပြည် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးဖမ်းသမားတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို လာရောက်ငါးခိုးဖမ်းနေကြလို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအရလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

Photo – APM

Related posts

စစ်ဘောင်ကျယ်နေတာတွေ လျော့သွားဖို နည်းလမ်းရှာသင့်

Rakhita Times

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦး သေဆုံး

Rakhita Times

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၁ ဦးသေဆုံး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Rakhita Times

1 comment

RickFague စက်တင်ဘာ 2, 2026 at 10:45 ညနေ

Thanks for the practical examples scattered through the post rather than abstract theory only, and a look at wifiwizard continued that grounded style, abstract points are easier to remember when paired with concrete situations and the writers here clearly understand how readers actually retain information from blog content reading sessions.

Reply

Leave a Comment