NewsPolitic

မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ၄ သန်းကျော်ရှိ၊ ရက္ခိုင်ပြည်က ဒုတိယအများဆုံး

အာရက္ခတိုင်းမ်စ် (၃ နိုဝင်ဘာ ၂၀၂၆)

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် အရေအတွက်က ၄ သန်းကျော်အထိ ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ အောက်တိုဘာလ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသအလိုက် စာရင်းမှာ စစ်ကိုင်းတိုင်းပြီးရင် ရက္ခိုင်ပြည်က ဒုတိယအများဆုံး ဖြစ်ပြီး ရက္ခိုင်ပြည်တစ်ခုလုံးမှာ စစ်ဘေးရှောင် ၅၀၇,၈၀၀ ဦး (၁၂.၅ ရာခိုင်နှုန်း) ရှိပါတယ်။

တခြား တိုင်း၊ ပြည်နယ်တွေမှာတော့ စစ်ကိုင်းတိုင်းက ၁,၃၃၅,၂၀၀ ဦး (၃၂.၉ ရာခိုင်နှုန်း)၊ မကွေးတိုင်းက ၄၇၃,၇၀၀ ဦး (၁၁.၇ ရာခိုင်နှုန်း)၊ ပဲခူးတိုင်းအရှေ့ပိုင်းက ၂၇၅,၇၀၀ ဦး (၆.၈ ရာခိုင်နှုန်း)၊ တနင်္သာရီတိုင်းက ၂၆၉,၇၀၀ ဦး (၆.၆ ရာခိုင်နှုန်း)၊ ကရင်ပြည်က ၂၆၈,၂၀၀ ဦး (၆.၆ ရာခိုင်နှုန်း) ရှိတယ်။ ကချင်၊ ကရင်နီ၊ ချင်း၊ မန္တလေး၊ မွန်၊ ရှမ်း၊ ဧရာဝတီ၊ ရန်ကုန်ဒေသတွေမှာလည်း စစ်ဘေးရှောင်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီစာရင်းတွေက လက်ရှိ ကောက်ယူနိုင်သမျှသာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ လုံခြုံရေးအခြေအနေတွေကြောင့် စာရင်းမကောက်ယူနိုင်သေးတဲ့ ဒေသတွေ ရှိလို့ အမှန်တကယ် စစ်ဘေးရှောင်အရေအတွက်က ပိုများနိုင်တယ်လို့ UNHCR က ထောက်ပြထားပါတယ်။

Related posts

စကမတပ်က ပြည်သူကို သတ်ဖြတ်နေခြင်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖိအားပေးနေတာလို့ CDM ဗိုလ်ကြီးဇင်ယော် ဆို

Rakhita Times

အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေပြည်သူများ ကမ်းပြိုမှုကြောင့် အကူအညီ လိုအပ်နေ

Rakhita Times

AA ရှိရာ နေရာများကို စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေ

Rakhita Times

Leave a Comment