NewsPolitic

နန်းကျားရွာ ဗုံးကြဲခံရလို့ သေဆုံးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့

အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့ ကိုယ်ဝန် ၄ လရှိ အမျိုးသမီးမှာ အသက် ၈ နှစ်နဲ့ ၃ နှစ်အရွယ် သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

နန်းကျားကျေးရွာကို စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သေဆုံးသူအပြင် ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူက အသက် ၃၅ နှစ်အရွယ် ဖြစ်ပြီး ဒဏ်ရာရသူ ၁၀ ဦးက ယင်းရွာက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦး ဖြစ်ကာ အသက် ၇ နှစ်နဲ့ ၁၆ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် အသက် ၇၂ နှစ်အထိ ပါဝင်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁ ရက်တစ်ရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနီ မြို့နယ်တွေက တံတား၊ ယာယီဆေးကုခန်း၊ သားဖွားဆောင်၊ ရွာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ တစ်မြို့ပြီးတစ်မြို့ ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုထားပါတယ်။

Related posts

AA ထံ စစ်မှုထမ်းရန် ‌ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးကို မိဘထံ ပြန်လည်အပ်နှံ

Rakhita Times

အမ်းထိုးစစ်ကို ဟန့်တားရန် AA က နတ်ရေကန်ကို မသိမ်းဘဲ တာဝါတိုင်စခန်းကိုသာ အခြေကုပ်ထား

Rakhita Times

ရက္ခိုင်မှာ ဗိုလ်ချုပ်က သံတမန်ရေးကျွမ်းကျင်တဲ့အတွက် စိတ်ပူစရာမလိုလို့ ပြော

Rakhita Times

Leave a Comment