အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ နန်းကျားကျေးရွာကို စစ်ကောင်စီက မနေ့က နိုဝင်ဘာလ ၅ ရက် ည ၁၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူက နန်းကျားကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁ ရက်တစ်ရက်တည်း ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနီ မြို့နယ်တွေက တံတား၊ ယာယီဆေးကုခန်း၊ သားဖွားဆောင်၊ ရွာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ တစ်မြို့ပြီးတစ်မြို့ ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ AA က ဆိုပါတယ်။
