HealthNewsPolitic

ဂွမြို့နယ်က အရေးပေါ်ကျန်းမာရေးအတွက် လူနာတင်ယာဉ်တစ်စီးကို စာရေးဆရာ ဝေဟင်အောင် လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၀ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဂွမြို့နယ်အတွင်းက ဒေသခံပြည်သူတွေရဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေမှာ လူနာတွေကို အချိန်မီ သယ်ယူပို့ဆောင် ကူညီနိုင်ဖို့အတွက် ငွေကျပ်သိန်း ၄၅၀ တန်ဖိုးရှိ လူနာတင်ယာဉ် (Ambulance) တစ်စီးကို စာရေးဆရာ ဝေဟင်အောင်က လှူဒါန်းပေးအပ်ခဲ့တယ်လို့ သိရတယ်။

လူနာတင်ယာဉ်ကို ဂွမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “အာရက္ခမျိုးဆက် ပရဟိတအသင်း” ကနေတစ်ဆင့် ဒေသတွင်း ပြည်သူတွေအတွက် လက်တွေ့အသုံးပြုနိုင်ဖို့ လွှဲပြောင်း လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

ဒီလူနာတင်ယာဉ် ဝယ်ယူလှူဒါန်းနိုင်ခဲ့တာက စာရေးဆရာ ဝေဟင်အောင်ဆီကို ပြည်တွင်းပြည်ပက ခုနစ်ရက်သားသမီး အလှူရှင်တွေ အပ်နှံထားတဲ့ စုပေါင်းအလှူငွေတွေကို ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် တစ်ဆင့် ပြန်လှူဒါန်းတာလို့ သိရပါတယ်။

စာရေးဆရာ ဝေဟင်အောင်က “အခု လှူဒါန်းမှုဟာ ကျနော်ဆီကတစ်ဆင့် ပြည်တွင်းပြည်ပ ခုနစ်ရက်သားသမီးတွေရဲ့ အလှူကို ပြန်လည်လှူဒါန်းတာ ဖြစ်ပါတယ်။ ဒီအလှူရဲ့ အဖို့ဘာဂကို မူလအလှူရှင်တွေရော၊ အလှူလက်ခံကြသူတွေပါ ထပ်တူရရှိကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်” လို့ ဆိုပါတယ်။

Related posts

သံတွဲကို ရွေးတုတပ် ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

Rakhita Times

KNU ကို အကြမ်းဖက် ကြေညာလိုက်တာက စစ်ဆင်ရေးလုပ်မှာကြောင့် ဖြစ်နိုင်

Rakhita Times

စစ်တွေက စကမတပ်သားများ အုပ်စုလိုက်ထွက်ပြေးနေ

Rakhita Times

Leave a Comment