NewsPolitic

သံတွဲကို ရွေးတုတပ် ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၇ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေခဲ့လို့ သက်ကြီးအမျိုးသမီး ၁ ဦးနဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ သံတွဲမြို့ ဒွါရာဝတီမြို့သစ် (ခ) ရပ်ကွက် ရွှေအံတော်ဘုရားလမ်းနဲ့ ၁ လမ်းနဲ့ ၃ လမ်းထိပ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“9 Stars အရက်ဆိုင်နားကို ကျတာ။ အိမ် ၆ လုံး နဲ့ ဆိုင်ခန်း ၂ ခန်း ပျက်စီးသွားတယ်။ အဘွား ၁ ယောက် ဆုံးပြီးတော့ နောက် အဘွား ၁ ယောက်အပါ ၃ ယောက် ဒဏ်ရာ ရသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၇၇ နှစ်အရွယ် ဒေါ်သန်းကြွယ် ဖြစ်ပြီးတော့ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ အသက် ၇၀ အရွယ် ဒေါ်အေးအေးကြွယ်၊ အသက် ၂၈ နှစ်အရွယ် မမိုးမိုးမြင့်အောင်နဲ့ ကိုရန်နောင်ထက် ဖြစ်တယ်လို့ သိရပါတယ်။

“အာရက္ခပြည်၊ သံတွဲမြို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ယနေ့ နံနက် (၁၀) နာရီခွဲအချိန်မှ စတင်ကာ ဗုံးကြဲ တိုက်ခိုက်လျက်ရှိသည်” လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ ဒီကနေ့ မနက် (၇) နာရီ (၄၅) မိနစ်ကနေ (၈) နာရီခန့် အချိန်အထိ ပုဏ္ဏားကျွန်းမြို့ နေရာတချို့ကိုလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
Photo – Dwarawaddy Regional Information Center

Related posts

ကျောက်ဖြူကို အထိအခိုက် အနည်းဆုံးဖြစ်အောင် AA ကြိုးစားနပုံရ

Rakhita Times

ရက္ခိုင်ရေဘေးအတွက် 96 Soldiers PDF တပ်ဖွဲ့ ၁၀ သိန်း လှူဒါန်း

Rakhita Times

ရွေးကောက်ပွဲမတိုင်ခင် ဆွေးနွေးမှုလုပ်တာက ထိခိုက်ပျက်စီးမှု ပိုနည်းလာနိုင်

Rakhita Times

Leave a Comment