အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၃၃)
ဌေးဝင်း
ငါတို့ ကျောင်းသားလူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီဟာ တလတကြိမ် ပုံမှန် အစည်းအဝေး ပြုလုပ်ကြတယ်။ ဒီညီလာခံ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် အဓိက လိုချက်က ဘဏ္ဍာငွေပါဘဲ။ ကော်မတီဝင်တွေကလည်း အားတက်သရော ကြိုးစားရှာဖွကြသလို ထည့်ဝင်သူတွေကလည်း စိတ်ဝင်တစား ထည့်ပေးကြတယ်။ သို့သော်လည်း အလုပ်သမား လူတန်းစားတွေက ထည့်ဝင်ကြတာဆိုတော့ သူတို့နိုင်သလောက် လုပ်အားခထဲက ဖဲ့ပြီး ထည့်ကြတာပါ။
အဲဒီတုန်းက ထိုင်းနိုင်ငံမှာ ရက္ခိုင်တွေ သိပ်မရှိသေး။ ဒါကြောင့်မို့ လိုအပ်တဲ့ ရံပုံငွေကို အချိန်တိုတိုအတွင်းမှာ ရဖို့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမဲ့ ငါတို့ ကော်မတီဝင်တွေဟာ ဒီအတွက် စိတ်ပျက် အားလျော့ခြင်း လုံးဝ မရှိခဲ့ကြပါဘူး။ အင်တိုက်အားတိုက်နဲ့ ဝမ်းပမ်းတသာနဲ့ ဒီလို လှုပ်ရှားနေကြရတာကိုဘဲ သိပ်ကို အားရနေကြတယ်။
ငါတို့ဟာ ထိုင်းနိုင်ငံရောက် ရက္ခိုင်လူငယ်ထုနဲ့ တိုက်ရိုက် ထိတွေ့နေကြတယ်။ လူထုကြားထဲမှာ မျိုးချစ်စိတ် နိုးကြား ရှင်သန်နေကြတာလည်း တွေ့ရတယ်။ ငါတို့ ဖြစ်ချင်နေသလို သူတို့လည်း ဖြစ်စေချင်နေကြတယ်ဆိုတဲ့ ရင်ဘတ်တူ ခံစားချက် တူညီနေတာကို တွေ့ရတာဟာ ငါတို့အတွက် ကြီးမားတဲ့ အောင်မြင်မှု ခြေလှမ်းအစပင် မဟုတ်ပါလား။ ဒီလို လှုပ်ရှားနေစဉ်မှာဘဲ ငါတို့အတွက် ထီပေါက်တယ်လို့ဘဲ ဆိုရမလား။ ငါတို့ လိုအပ်တဲ့ ငွေရဲ့ ထက်ဝက်ခန့်ကို လုံးကနဲကူညီမဲ့သူ ပေါ်ပေါက်လာတာပါဘဲ။
အဖြစ်က ဒီလို။ ငါနဲ့ စစ်တွေမှာကတည်းက သိကျွမ်းခဲ့တဲ့ ကိုကျော်သန်း ဘန်ကောက်ကို ရောက်နေတယ်။ သူဟာ ငါ့ကို တွေ့ချင်ကြောင်း အညိုဆိုတဲ့ လူငယ်ကတဆင့် ဆက်သွယ်လာတယ်။ အညိုက ငါ့ကို
“ကိုကျော်ဟန်.. အကို့ကို ကိုကျော်သန်းက တွေ့ချင်တယ်လို့ ကျနော့ကို ပြောခိုင်းတယ်”
လို့ ပြောလာတော့ ငါကလည်း
“ဟုတ်လား… အေး. ငါလည်း တွေ့ချင်တယ်လို့ ပြောလိုက်ပါ ညီလေး။ သူနဲ့ငါ မတွေ့တာ နှစ်အတန် ကြာသွားပြီ။ အခု သူက ဘန်ကောက်ကို ရောက်နေတယ်ဆိုတော့ လူချင်း တွေ့ချင်တာပေါ့ကွာ”
လို့ ပြောလိုက်တယ်။
သူ ထိုင်းမြန်မာနယ်စပ်မှာ ရှိနေတယ်ဆိုတာ ငါ ရနောင်းဖက်ကို ရောက်တုန်းကတည်းက သတင်း ကြားခဲ့တယ်။ ကိုကျော်သန်းက ခု ဗိုလ်ရာဇာ ဦးဆောင်တဲ့ ရခိုင်ပြည်တပ်မတော် (AA) မှာ ဗိုလ်ဖြစ်အဆင့်နဲ့ တာဝန်ထမ်းဆောင်နေတယ်။ တပ်ထဲမှာ သူ့နာမည် ပြောင်းထားတယ်။ ကိုမျိုးတဲ့။ လူအများက ဗိုလ်မျိုးလို့ခေါ်ကြတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်က ရက္ခိုင်တော်လှန်ရေးသမားတွေ အခြေစိုက်ခဲ့တဲ့ ဝါးခွပ်ချောင်းနယ်မြေကို ရောက်ရှိနေတုန်းကလည်း မြစ်နားရွာက သူ့ဆွေမျိုးတွေဆီကို လာလည်တဲ့အခါတွေမှာ ရွာမှာ ဆုံတွေ့ပြီး စကားတွေ ပြောဖြစ်ကြတော့ ရင်းနှီး ခင်မင်ကြတယ်။ သူဟာ ရှစ်လေးလုံးကာလက စစ်တွေမှာ ရဟန်းဘဝနဲ့မို့လို့ ရက္ခိုင်ရဟန်းပျိုသမဂ္ဂကို ဦးဆောင်ပြီး လှုပ်ရှားခဲ့သူ ဖြစ်တယ်။ စစ်အာဏာသိမ်းတဲ့အခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝခတ်ချောင်း တော်လှန်ရေးနယ်မြေထဲကို ရဟန်းဘဝနဲ့ ရောက်ရှိလာသူ ဖြစ်တယ်။ ခု ကိုကျော်သန်းနဲ့ ငါနဲ့ ဘန်ကောက်မှာ ပြန်ဆုံကြတယ်။ သူနဲ့ ဟိုအကြောင်း ဒီအကြောင်းတွေ တော်တော် ပြောဖြစ်တယ်။
ငါတို့ လုပ်ဆောင်နေတဲ့ ရက္ခိုင်ကျောင်းသားလူငယ်ညီလာခံ ဖြစ်မြောက်ရေးကို အဓိက ပြောဖြစ်ကြတယ်။ သူလည်း စိတ်ဝင်စားတယ်။ အားလည်း အားပေးတယ်လို့ ပြောဆိုလာတော့ သူနဲ့ ကော်မတီဝင်တွေနဲ့အတူ တွေ့ဆုံပေးကာ ဆွေးနွေးကြတယ်။ အဲဒီတလောက ဟတ်ပီးလန်းမန်ချန် Happy Land Mansion မှာ အခန်းငှါးပြီး ၃ ရက်ခန့် စကားပြောကြ ဆွေးနွေးကြပြီးနောက်မှာ သူက
“ကိုကျော်ဟန်… အကို။ အကိုတို့ လှုပ်ရှားနတာကို ငါတို့လည်း အားရတယ်။ ကျောင်းသားလူငယ်တွေ တစုတစည်းတည်းဖြစ်အောင် အကိုတို့လုပ်တာ ဒီအချိန်မှာ အလိုအပ်ဆုံးလည်း ဖြစ်တယ်။ အကိုတို့ ပြောစကားအရ အဲဒီအတွက် ရံပုံငွေ လိုအပ်နေတယ်လို့ သိရတယ်ဆိုတော့ ဘယ်လောက် လိုအပ်မှာလဲ”
လို့ မေးလာတော့ ငါတို့က
“စုစုပေါင်း ခန့်မှန်းငွေ ဘတ်ငွေ တစ်သိန်းခွဲ မှန်းထားတယ်။ အခုက (၅) သောင်းလောက်တော့ ရနေပြီ”
ဆိုတော့ သူက
“ကျနော်တို့လည်း ဝိုင်ကူထည့်ပေးပါမယ်”
လို့ ပြောပြီး နောက်တနေ့မှာဘဲ ကိုကျော်သန်း ပြောလာတယ်။
“အစ်ကိုတို့ ကော်မတီအတွက် ငါတို့က ဘတ်ရှစ်သောင်း ထည့်ကူမယ်”
ဆိုပြီး ဘတ်ရှစ်သောင်း ရံပုံငွေကို ထည့်ပေးဖို့ ပြောလာတယ်။ ဒါကြောင့် ငါတို့လည်း လုပ်ငန်း အကောင်အထည် ဖေါ်နိုင်ရန်အတွက် ငွေကြေး တစုံတရာ ရလာပြီဆိုတော့ ညီလာခံလာတက်မဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယက ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်တွေကို စတင် စီစဉ် ဆောင်ရွက်ကြတယ်။
ဒီလို တဘက်မှာ စီစဉ်နေရင်း အခြားတဘက်မှာလည်း ငါဟာ ကိုခိုင်မြတ်ကျော် ဦးဆောင်နေတဲ့ ABSDF (Arakan) မှာ တပ်သားသစ် စုဆောင်းရေးအတွက် ရနောင်းဖက်ကိုသွားပြီး စည်းရုံးရေး ဆင်းတယ်။ ရဲဘော် စုပေးတယ်။ အလားတူ ဘန်ကောက် ချုန်ဖော် ရနောင်း အစရှိတဲ့ ထိုင်းနိုင်ငံထဲက ရက္ခိုင်တွေရှိတဲ့နေရာတွေမှာ စည်းရုံးရေဆင်းကာ အပူတပြင်း စုဆောင်းလိုက်တာ အချိန် နှစ်လကျော်ကျော်လောက်မှာ ဘဏ္ဏာငွေအချို့နဲ့အတူ ရဲဘော်သစ် လေးဆယ်ကျော်လောက် ထပ်စုမိကြတယ်။
ငါ့အနေနဲ့ အခြားတဘက်မှာ NUFA က ဦးအောင်စိန်သာ အကူညီ တောင်းတာကိုလည်း ကူညီနေတယ်။ ဒါ့ကြောင့် ရနောင်းဘက်မှာ ပင်တိုင်လို အထိုင်အဖြစ်နဲ့ သွားနေနေရတယ်။ ဘန်ကောက်ကိုတော့ တလလောက်ကြာမှ တခေါက်လောက်တော့ ပုံမှန် ပြန်လာတယ်။ အဲဒီလို ဘန်ကောက်ကို ရောက်တဲ့အခါမျိုးမှာ ကိုခိုင်မြတ်ကျော်နဲ့အတူ ဘန်ကောက်ရှိ ABSDF ရုံးကို လိုက်သွားဖြစ်တယ်။
အဲဒီရုံးမှာ ဥက္ကဌ ကိုမိုးသီးဇွန်။ ဒုဥက္ကဌ ကိုအောင်သူငြိမ်း။ တွဲဘက်အတွင်းရေးမှူး ကိုဝင်းမင်း။ ဗဟိုကော်မတီဝင် ကဗျာဆရာ မောင်လွမ်းဏီ ပန်းချီဆရာ မင်းကျော်ခိုင် နဲ့ လှိုင်ဘွား အစရှိသူတွေနဲ့ တွေ့ဆုံကာ ရင်းနှီး ခင်မင်လာကြတယ်။ အဲဒီတုန်းက ခေတ်ပြိုင်သတင်းစာ ထုတ်ဝေသူ ဦးတင်မောင်ဝင်းနဲ့လည်း ABSDF ရုံးမှာ မကြာမကြာ တွေ့ဖူးတယ်။ နှုတ်ဆက်စကားလည်း ပြောဖြစ်ကြတော့ သိကျွမ်းကြတယ်။
ဘန်ကောက် ABSDF ရုံးဟာ ဘန်းကပိနဲ့ မိန်ဘူရီကြားက ဧရိယာမှာ ရှိတယ်။ Happy Land ဟိုတယ်နဲ့လည်း နီးတယ်။ ရုံးလုပ်ထားတာက တောင်းဟောက်စ် (လုံးချင်းအိမ်)။ နှစ်ထပ်။ ဒုတိယထပ်ရဲ့ အပြင်ဘက်မှာ ခေါင်မိုးမပါဘဲ ဝရန်တာ ထုတ်ထားတာ ရှိတယ်။ တနေ့မှာ ကိုမိုးသီးဇွန်က ငါ့ကို ဒီလို ပြောတယ်။
“ကိုကျော်ဟန် အကို.. ကျနော့ကို ရဲဘော်တွေက ဆေးလိပ်သောက်တာ များတယ်။ ဆေးလိပ် လျှော့သောက်ပါတဲ့။ ကျနော့်မှာ အဖေါ်ဆိုလို့ ဒါဘဲ ရှိတယ်ဗျာ။ တွေးတောရင်းနဲ့ အပျင်းပြေ ဆေးလိပ်တောင် အားရပါးရ လွတ်လွပ်လွတ်လပ် သောက်ခွင့်မရဘူးလို့ ကျနော် ခံစားမိတယ်။ ကျနော်တို့ ဘဝကလည်း လုပ်ချင်တာကို မလုပ်ရ ဖြစ်နေတယ်။ ရဲဘော်တွေ ခေါင်းဆောင်တွေက ကျနော့် ကျန်းမာရေးအတွက် စေတနာနဲ့ တားထားရတဲ့ ကျနော့်ဘဝ ဖြစ်နေတယ်”
လို့ ရီရီမောမောနဲ့ အတည်အပေါက် ပြောဖူးတာမျိုး ရှိတယ်။ သူ အဲဒီတုန်းက ဆေးလိပ် အတော်သောက်ပုံရတယ်။ ဒီလို သူတို့ရုံးကို သွားလည်ရင်း တွေ့ရတာတခုကို ငါ ပြောပြချင်တယ် ဒီနေရာမှာ။ အဲဒီ ABSDF ရုံးကို ငါ မကြာမကြာလည်း သွားနေဖူးတော့ သူတို့တွေ ဘယ်လိုတောင် ကြိုးစားကြတာတွေ။ ပြည်တွင်းနဲ့ အဆက်အသွယ် ရယူကြတဲ့အခါ ပြည်တွင်း အလုပ်လုပ်တဲ့ ယူဂျီတချို့ကို သိလိုက်တယ်။ အဲဒီ UG တွေထဲက ပိန်ပိန် ရှည်ရှည် ရုပ်ရည်သန့်သန့်နဲ့ ကိုမင်းဇင်ဆိုသူနဲ့ မကြာမကြာ တွေ့ဆုံကာ စကားတွေ ပြောဖြစ်ကြတယ်။ သူနဲ့ ကိုမိုးသီးတို့ ပြောနေတဲ့ စကားဝိုင်းတွေမှာလည်း ငါ ပါဝင်နားထောင်ဖြစ်တယ်။
ကိုမင်းဇင်တို့ ပြည်တွင်း UG တွေ အချင်းချင်း ကွန်ယက် တည်ဆောက်တာ။ အချက်အလက် ရယူစုဆောင်းတာ ထင်ထင်ပေါ်ပေါ် မရှိတဲ့လူတွေကို တာဝန်ပေးတာ။ ရန်သူ့အလွှာပေါင်းစုံထဲက သတင်းကို ရယူနိုင်အောင် ကွန်ယက်ဖွဲ့ တည်ဆောက်ကြတာတွေကို ကြားသိရတော့ ဒီလူတွေ တော်တော် အရည်အချင်းရှိနေကြပါလားလို့ အားရဝမ်းသာမိသလို အားလည်း အားကျခဲ့တယ်။ ကိုမင်းဇင် ပြောပြတဲ့ထဲက စိတ်ဝင်စားစရာတခုကို ပြောရမယ်ဆိုရင် နဝတ စစ်တပ်ရဲ့ ထိပ်ပိုင်းဆောင်တွေရဲ့ စုဖွဲ့မှုနဲ့ သူတို့ရဲ့ အက်ကြောင်းတွေ။ ဗိုလ်နေဝင်းမြေးတွေရဲ့ စကော်ပီယံဂိုဏ်းက စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တယောက်ရဲ့ သားတယောက်ကို အနိုင်ကျင့်ပြီး ခေါင်းတုံးရိတ်တာတွေကြောင့် တပ်တွင်းထဲက ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်တချို့အကြား မကြေမနပ် ဖြစ်နေကြတဲ့အကြောင်း သိခွင့်ရခဲ့တယ်။
ငါဟာ သူတို့ရဲ့ အတွင်းလူ မဟုတ်ပေမဲ့ မဟာမိတ်အဖွဲ့ကမို့လို့ သူတို့ ပြောပြလို့ ရသလောက်ထဲက ပြောပြလို့ သိသင့်သလောက် သိလာရတော့ ဒါဟာ ငါတို့အတွက် အတုယူစရာတွေ ဖြစ်တယ်လို့ ငါ မှတ်ချက်ချတယ်။ UG တွေဆိုဟာ သတ္တိရှိရုံ ရဲရင့်ရုံမဟုတ်ဘဲ ပညာအရည်အချင်း အများသုံး ဘာသာစကား ခေတ်မှီနည်းပညာနဲ့ အထွေထွေ အတတ်ပညာရှိဖို့ အလွန် အရေးကြီးတယ်။ ဒါ့အပြင် သူတို့တွေဟာ ရန်သူ နဝတအာဏာပိုင်တွေကြားမှာလည်း သွားလာဝင်ဆန့်နိုင်တဲ့ အသိုင်းအဝိုင်းထဲက ဖြစ်နေတာကို တွေ့ရတော့ သူတို့ရဲ့ စည်းရုံးရေး စွမ်းရည်တွေကလည်း ငါ့အတွက် အတုယူ အားကျစရာ ဖြစ်နေပြန်တယ်။ ဒါကြောင့်မို့လို့ သူတို့တွေဟာ အလွှာပေါင်းစုံက သတင်းအချက်အလက်တွေကို နေရာတော်တော်များများက အချိန်နဲ့တပြေးညီ ရယူနိုင်ကြတာကိုး။
ဒီနေရာမှာ ငါကိုယ်တိုင်ကလည်း ယူဂျီ (မြေအောက်တော်လှန်ရေးတပ်သား) လုပ်လို့ ထောင်ကျထားမှန်း သိကြတော့ ယူဂျီလုပ်ငန်း သဘောသဘာဝကို ငါ့ကိုလေ့လာခွင့် ဖတ်ရှုခွင့် ပေးတယ်။ ငါ ယူဂျီလုပ်ခဲ့တုန်းက ဘာသင်တန်းမှလည်း မတက်ဖူးခဲ့သလို ယူဂျီတယောက် ကြိုတင်သိထားရမဲ့ ယူဂျီရဲ့ တာဝန်တွေကိုလည်း မလေ့လာ မသင်ယူခဲ့ဖူးပါဘူး။ ငါတို့က မုဆိုးစိုင်သင်ဆိုသလို လုပ်ရင်းကိုင်ရင်း ကိုယ့်ဘာသာ ယူဂျီဘဝကို မွေးဖွါးခဲ့ရတာဘဲ မဟုတ်လား။
၁၉၇၇ ခုနှစ်ကနေ ၁၉၈၉ ထိ ငါကိုယ်တိုင် လုပ်ဆောင်ခဲ့တုန်းက အတွေ့အကြုံအရ သိထားတဲ့ သဘောတရားကို ဒီနေရာမှာ ပြန်လည်ဖောက်သည်ချရရင် … .. မြေအောက်တော်လှန်ရေးသမား ယူဂျီတယောက် အဓိက လုပ်ကြရတာက
၁။ သတင်းအချက်အလက် စုဆောင်းပေးခြင်း။
၂။ လျှို့ဝှက်သယ်ဆောင်ပေးခြင်း။ လှုပ်ရှားမှုတွေကို အာဏာပိုင်မသိအောင် စီမံပေးခြင်း။
၃။ တော်လှန်ရေးအဖွဲ့ဝင်များအတွက် အကူအညီ (စားသောက်၊ ဆေးဝါး၊ ငွေကြေး၊ အိမ်ရာ) ပံ့ပိုးပေးခြင်း။
၄။ တိုက်ပွဲဝင်မယ့် အဖွဲ့ကို မူလမြို့၊ ကျေးရွာထဲကနေ အတိအကျ သတင်းပေးသူအဖြစ် အထောက်အပံ့ ပေးခြင်း။
ဆိုတဲ့ ယူဂျီတယောက်ရဲ့ အခြေခံသဘောတရားနဲ့ တာဝန်လောက်ကိုဘဲ သိနားလည်ခဲ့တယ်။ ခုလို ကိုယ့်ထက် ပညာရော အတွေ့အကြုံရော ငွေကြေးရော မဟာမိတ်တွေရော ပိုမိုကောင်းမွန် သာလွန်သူတွေနဲ့ ဆုံတွေ့လာခဲ့ပြီးမှာ သိလာရတာက ထက်မြက် ထူးချွန် တော်တဲ့ ယူဂျီတယောက်ရဲ့ အရည်အသွေးက ဘာလဲဆိုတာ သိခွင့် ရလာခဲ့တယ်။ ဗဟုသုတ ပညာ ရလာခဲ့တယ်။ အခု လူသိများတဲ့သူတွေအထဲက ဦးမင်းဇော်ဦး (မင်းမင်း) ဦးအောင်နိုင်ဦးတို့နဲ့လည်း ဘန်ကောက် ABSDF မှာ သူတို့ တာဝန်ယူနေတုန်းကတည်းက တွေ့ဆုံ သိကျွမ်းခဲ့ဘူးတယ်။
မင်းဇင်ဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဖြစ်သလို မြေအောက်လှုပ်ရှားတဲ့ တော်လှန်ရေးသမားတယောက် ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးနောက် အဖမ်းမခံရအောင် ပုန်းရှောင်ပြီး မြေအောက် ယူဂျီအလုပ်အကို ၁၉၈၈ ကနေ ၁၉၉၇ ထိ ၉ နှစ်တာလောက် လုပ်ခဲ့သူပါ။ နောက်ပိုင်းမှာတော့ သူဟာ The Irrawaddy News အပါအဝင် နိုင်ငံခြား သတင်းဌာနတွေမှာ မြန်မာပြည်အကြောင်း စာတွေ အများကြီး ရေးခဲ့ပါတယ်။ သူကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ ယူဂျီဘဝ အတွေ့အကြုံတွေကိုလည်း The Irrawaddy မှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ ရေးသားထားပါတယ်။ ပြီးတော့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ စစ်ရေး နိုင်ငံရေး စီးပွါးရေး စတဲ့ ဆောင်းပါးတွေကို The New York Times, Foreign Policy, The Irrawaddy and The Journal of Democracy တွေမှာ ရေးသားခဲ့ပါတယ်။
၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် အတိုက်အခံ နိုင်ငံရေး တော်လှန်ရေးသမားတွေကို ပြည်ဝင်ခွင့်ပေးပြီးနောက်မှာ သူနဲ့ သူ့မိတ်ဆွေတွေ စုပေါင်းကာ Think Tank နိုင်ငံရေး စီးပွါးရေး အကြံပေးအဖွဲ့ ဉာဏ်ကြီးရှင်အဖွဲ့) ကို တည်ထောင်ကာ ပြည်တွင်းမှာ လှုပ်ရှားခဲ့ကြတယ်။ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်မှာ ISP Myanmar ကို တည်ထောင်ရာမှာ founder ဖြစ်ပြီး အဲဒီမှာဘဲ ဒါရိုက်တာတယောက်လည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရ လက်ထက်မှာ ISP Myanmar က ဦးဆောင်ကျင်းပတဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဆိုတဲ့ လှုပ်ရှားမှုတခုမှာ သူဟာ အဓိက စီစဉ်ဆောင်ရွက်သူ ဟောပြောသူ ဆွေးနွေးသူ နေရာက ပါဝင်ခဲ့ပါတယ်။ ဒီစကားဝိုင်းကို ကြိုက်သူရှိသလို မကြိုက်လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ကဲ့ရဲ့ ပြစ်တင်သူလည်း ရှိခဲ့ပါတယ်။
သူဟာ အထက်တန်း ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်လာခဲ့ပြီး ယူဂျီဘဝနဲ့ နှစ်ကာလ အတန်ကြာ လှုပ်ရှားခဲ့သလို ဒီမိုကရေစီဘက်သို့ တိမ်းညွတ်လာတဲ့ စစ်တပိုင်း အစိုးရလက်ထက်နဲ့ ပြည်သူလူထု ထောက်ခံအားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွေမှာ ပြည်တွင်းမှာ တရားဝင် လှုပ်ရှားခဲ့သလို ၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာသိမ်းသည့်နောက်ပိုင်း နွေဦးတော်လှန်ရေးမှာတော့ သူရော သူတို့အဖွဲ့ဖြစ်တဲ့ ISP Myanmar ရော ပြည်သူလူထုဘက်က ပါဝင် လှုပ်ရှား ပြောဆိုတာကို မတွေ့ရတော့ပါဘူး။ ခုတော့ သူဟာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ အမေရိကန်နိုင်ငံက University of California မှာ ပါရဂူဘွဲ့ကို ယူဖို့ လုပ်နေပါပြီ။
ငါ့အနေနဲ့ သိပ်အရေးကြီးတယ်ထင်တဲ့ အကြောင်းအရာထဲက တခုကို အထူးသတိပြုမိတာ ရှိတယ်။ အဲဒါကတော့ ငါတို့ ရက္ခိုင်တွေနဲ့ သူတို့နဲ့ နှိင်းယှဉ်ကြည့်ရင် တွေ့ရတတ်တာက ငါတို့က ညနေစောင်းရင် အရက်ဝိုင်းမှာ တော်လှန်ရေးအကြောင်းတွေ အော်ကြီးဟစ်ကျယ် ပြောကြမယ်။ သူတို့က လဘက်ရည်ကြမ်းဝိုင်းနဲ့ နိုင်ငံရေး ပညာရေးတွေ ဆွေးနွေး တိုင်ပင်ကြတယ်ဆိုတာ တွေ့ရတယ်။
ညမိုးချုပ်တော့ ငါတို့ အိပ်ရာဝင်တဲ့အချိန်ထိ ရုံးခန်းထဲမှာ ကိုအောင်သူငြိမ်း ကိုဝင်းမင်းနဲ့ နောက်နှစ်ယောက်လောက်ဟာ ကွန်ပြူတာရှေ့မှာ ထိုင်ပြီး တကုတ်ကုတ်နဲ့ အလုပ်လုပ်နေကြတုန်း။ သူတို့ဟာ အိပ်ရာ မဝင်ကြသေးဘူး။ ငါတို့လူတွေက အဲဒီအချိန်မှာ မူးပြီး ကျိုးနေကြပြီ။
တခါ ငါတို့ အိပ်ရာက ထလာတဲ့အချိန်မှာလည်း သူတို့က ရုံးခန်းထဲမှာ အလုပ်လုပ်နေကြပြီ။ ငါ တော်တော် စဉ်းစားဖြစ်တယ်။ ငါတို့ အိပ်ရာဝင်တဲ့အချိန်မှာလည်း ဒီလူတွေ မအိပ်သေးဘူး။ ဒီလူတွေထက် ငါတို့က အရင်အိပ်တယ်။ ငါတို့ အိပ်ရာကထလို့ မျက်နှာတောင် မသစ်ရသေးတဲ့အချိန်မှာ ငါတို့ထက် စောစောထပြီး သူတို့က အလုပ်လုပ်နေကြပြီ။ ငါတို့ထက် အိပ်တာလည်း နောက်ကျတယ်။ အိပ်ယာက ထတာလည်း ငါတို့ထက် ပိုစောတယ်။ ဒီလူတွေ တော်တော်ကြိုးကြိုးစားစားနဲ့ အချိန်ကိုလုပြီး အလုပ်လုပ်နေကြပါလားလို့လည်း လေးစား အားကျမိတယ်။
ဒီလိုနဲ့ တနေ့မှာ ငါတို့ခေါင်းဆောင်တွေ လူကြီးတွေနဲ့ သူတို့ခေါင်းဆောင်တွေ လူကြီးတွေကြားက အဓိက ကွာဟနေတဲ့ အချက်တချက်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတယ်။
တရက်မှာ ခေတ်ပြိုင် သတင်းဂျာနယ် ထုတ်ဝေသူ ဦးတင်မောင်ဝင်းဟာ ဒူးရင်းသီးနှစ်ထုပ်ကို လက်တဘက်ကဆွဲကိုင်ပြီး ချိုင်းကြားထဲမှာလည်း စာအုပ် တအုပ်နှစ်အုပ်ကိုညှပ်ထားကာ ABSDF ရုံးထဲ ရောက်လာတယ်။ ဝင်လာချင်းပဲ
“ဟေး.. ဒီမှာ.. ဒူးရင်းသီးအမွှာက ကြီးမှကြီး ဆိမ့်မှဆိမ့်ကွာ။ လာစားကြ။ မင်းတို့အတွက် တထုပ်။ ငါ့အိမ်အတွက် တထုပ် ဝယ်လာတယ်။ လာစားကြ… ဟေ့”
လို့ လှမ်းအော်ပြောနေရင်း ငါတို့ကိုပါ မြင်တော့
“ရက္ခိုင်တွေလည်း ရောက်နေကြလား.. လာ.. ခိုင်မြတ်ကျော်တို့လည်း လာကြ။ အားလုံး ဒူးရင်းသီး စားကြကွာ”
လို့ ပြောလည်းပြော ပေးလည်းပေးပြီး အပေါ်ထပ်ကို စာအုပ်ချိုင်းကြားညှပ်ကာ တက်သွားတယ်။ ခဏနေတော့ ငါလည်း အပေါ်ထပ်ကို တက်လာလိုက်တဲ့အချိန်မှာ ဦးတင်မောင်ဝင်းဟာ ကိုမိုးသီးဇွန်နဲ့ ကိုဝင်းမင်းတို့နဲ့ မတ်တတ်ရပ်ပြီး စကားပြောနေကြတယ်။ သူတို့ ပြောနေကြတာထဲက ကြားလိုက်ရတဲ့ အသံက
“ဦးတွတ် ဖတ်ပါ။ ဦးတွတ်ဖတ်ပြီးမှ ကျနော်တို့ ဖတ်လို့ရတယ်”
လို့ ကိုမိုးသီးဇွန်က အဲလိုပြန်ပြောတော့ ဦးတင်မောင်ဝင်းဟာ လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်ကို ကိုင်ပြီး ဒေါနဲ့ မောနဲ့ ခုလို ပြန်ဟောက်တာကို ကြားလိုက်ရတယ်။ ဦးတင်မောင်ဝင်းရဲ့ ငယ်နာမည်က ကိုတွတ်မို့လို့ သူတို့က တရင်းတနှီး ဦးတွတ်လို့ ခေါ်ကြတယ်။
“ဟေ့ကောင်.. မိုးသီး။ ငါ မင်းတို့ကို ဘာဖြစ်လို့ ဒီစာအုပ်ကို ငါ့ထက်အရင် ပေးဖတ်ခိုင်းလဲ သိလား။ မင်းတို့ဟာ ငါတို့ထက် တော်တဲ့လူတွေ ဖြစ်ဖို့ လိုလို့ကွ။ မင်းတို့ကို ငါတို့ထက် ပိုတော်စေချင်လို့။ ငါက မင်းတို့ကို အရင် ဦးစားပေးပြီး ဒီစာအုပ်တွေကို ဖတ်ဖို့ ပေးတာကွ။ ငါတို့ ဒီကောင်တွေကို တိုက်လာတာ ကြာပြီ။ မနိုင်နိုင်ဘူး ဖြစ်နေတယ်။ ဒါဟာ ငါတို့ ညံ့နေသေးလို့ ဖြစ်တယ်လို့ ငါ နားလည်ထားတယ်။ မင်းတို့ဟာ ငါတို့ထက် တော်ဖို့ လိုကို လိုတယ်။ ဒါကြောင့် မင်းတို့ ငါတို့ထက် ပိုတော်အောင် ပိုသိအောင် ကြိုးစားကြရမယ်။ ငါတို့ထက် တော်အောင်ကြိုးစားဖို့ မင်းတို့မှာ စိတ်ဆန္ဒ မပြင်းပြဘူးဆိုရင် မင်းတို့ ပြန်သွားကြကွာ။ ငါတို့ ဆက်တိုက်မယ်”
လို့ ဆိုပြီး အားမလို အားမရ ကရုဏာဒေါသနဲ့ ဆူနေတာကို ငါ ကြားလိုက်ရတယ်။ ဒီလို ဦးတင်မောင်ဝင်းက ပြောနေတာကို သူတို့နှစ်ယောက်ကလည်း ဆရာက တပည့်ကို ပြောနေသလိုမျိုး ငြိမ်ပြီး တလေးတစား နားထောင်နေကြတယ်။ ဘာမှ စောဒကမတက်ဘဲ ဦးတင်မောင်ဝင်းပြောတာကို လက်ခံတဲ့ သဘောလို့ ငါ မှတ်ချက်ပြုနေစဉ် ဦးတင်မောင်ဝင်းက သူ့ ပြောလက်စ စကားကို ခုလို ဆက်ပြီး
“ငါတို့ အရည်အချင်းနဲ့ ဒီနေ့ထက်ထိ တိုက်လို့ မနိုင်နိုင်သေးဘူး။ မင်းတို့ဟာ ငါတို့ထက် ပိုတော်ဖို့ လိုတယ်.. ကွ.. နော်… သိလား။ ငါတို့ထက် ပိုတော်ဖို့ မင်းတို့က မစဉ်းစားဘဲ.. မကြိုးစားဘဲ ငါတို့နောက်ကဘဲ လိုက်နေဖို့ စဉ်းစားနေကြမယ်ဆိုရင် မင်းတို့ ပြန်သွားကြတော့။ ရတယ်။ ငါတို့ဘာသာ ဆက်တိုက်မယ်”
လို့ ပြောနေတာကို ကြားလိုက်ရလို့ ဦးတင်မောင်ဝင်းကို ငါ တော်တော်လည်း လေးစားသွားတယ်။ တဆက်တည်းမှာ ငါ့ခေါင်းထဲဝင်လာတာက ဒီလိုခေါင်းဆောင်တွေ ငါတို့ ရက္ခိုင်တွေထဲမှာ ရှိသလား။ မရှိသေးဘူးလား။ မရှိသေးရင် ရှိဖို့ လိုအပ်တယ်။ ရှိနေရင်လည်း များများရှိဖို့ လိုတယ်လို့ စိတ်ထဲမှာ တမ်းတမိခဲ့တယ်။ မျှော်လင့်မိခဲ့တယ်။

12 comments
Closed the laptop after this and let the ideas settle for a few hours, and a stop at clarvesta similarly rewarded reflective time, content that benefits from sitting with rather than racing past is the kind I want more of and the kind that this site appears to consistently produce week after week here.
A piece that respected the reader by not over explaining the obvious, and a look at seamsecret continued that calibrated approach, finding the right level of explanation is one of the harder editorial calls and this site has clearly thought carefully about what readers will already know versus what they need help with consistently.
Generally I find the content on similar topics frustrating in specific ways and this post avoided all of them, and a look at mimosamarket continued that frustration free experience, content that sidesteps the standard failure modes of its genre is content with editorial awareness and this site has clearly studied what fails elsewhere consistently.
Coming back tomorrow when I can give this a proper read, the post deserves better attention than I can give right now, and a look at lunivora suggests there is plenty more here that deserves the same treatment, definitely a site I will be exploring properly over the next few days when I can.
Excellent post, balanced and well organised without showing off, and a stop at gpugearhouse continued in that same vein, this site has clearly figured out the formula for content that works for readers rather than for search engine ranking signals which is harder than it sounds today and worth real recognition from anyone.
Skipped to a specific section because I knew that was the question I had, and the answer was clean, and a stop at wifiwizard similarly delivered targeted answers without burying them, content engineered for readers who arrive with specific needs rather than open ended browsing is increasingly valuable in a search heavy reading environment.
Felt the post had been written without using a single buzzword, and a look at vpnvault continued that clean vocabulary, content free of jargon and trendy phrases reads better and ages better and this site has clearly committed to a vocabulary that will not feel dated in three years which is impressive editorially.
Лечение в клинике строится по комплексному принципу. Наркологическая помощь включает медицинскую диагностику, восстановление организма, медикаментозное лечение, психотерапию и поддержку в период реабилитации. Врач оценивает состояние пациента и рекомендует подходящий формат: лечение на дому, прием в клинике, амбулаторное наблюдение или стационар. Такой путь позволяет последовательно работать с физической зависимостью, тягой к алкоголю или наркотикам и причинами повторных срывов.
Подробнее – http://2.narkologicheskaya-klinika-moskva11.ru/
Современные методы лечения подбираются по медицинским показаниям. В клинике могут рассматриваться медикаментозное кодирование, методы с применением психотерапии и комбинированные программы. У каждого способа есть особенности, показания и противопоказания. Некоторые методы воздействуют на фармакологической основе, другие направлены на формирование психологической установки и изменение отношения к спиртному. Самый подходящий вариант определяет нарколог, а при наличии эмоциональных и поведенческих нарушений к работе может подключаться психиатр, психолог или психотерапевт.
Ознакомиться с деталями – кодирование от алкоголизма цена
Уникальная программа реабилитации с обязательством пожизненной поддержки после основного курса.
Ознакомиться с деталями – помощь адиктолог
Врач оценивает не отдельный признак, а общее состояние пациента. У одного человека преобладает слабость и бессонница, у другого появляются сердечно-сосудистые нарушения или выраженная тревога. Даже если пациент раньше хорошо переносил самостоятельный выход, новый запой может оказаться опасен.
Получить больше информации – вывод из запоя капельница на дому в Красноярске
Перед началом процедуры врач уточняет длительность употребления алкоголя, возраст человека, количество выпитого, какие лекарства он принимает и какие заболевания были диагностированы ранее. Диагностика может включать измерение артериального давления, частоты пульса, насыщения крови кислородом, оценку неврологических признаков и общего уровня сознания. В сложных случаях требуется ЭКГ, дополнительные анализы крови или обследование в клинике. Такой подход помогает подобрать оптимальное лечение запоя и снизить вероятность нежелательной реакции на лекарственные препараты.
Ознакомиться с деталями – москва вывод из запоя на дому