စကမ နလန်ပြန်ထလာနိုင်ပေမယ့် စိုးရိမ်စရာမရှိလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော
အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၅) စစ်ကော်မရှင်ဟာ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကနေ သံတမန် အသိအမှတ်ပြုမှုတွေကြောင့် နလန်ပြန်ထနေတယ်လို့ အာရက္ခတပ်တော် စစ်စီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ အထိအခိုက် အကျအဆုံးများနေတဲ့ စစ်ကော်မရှင်ဟာ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်တာနဲ့အတူ တရုတ် အိန္ဒိယနဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတော်တော်များနဲ့...
