ဆပ်သွားရွာမှာ လက်နက်ကြီးကျ၍ လင်မယားနှစ်ဦး ဒဏ်ရာရ
အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် ဂွမြို့နယ် ဆပ်သွားရွာ သုသာန်ဘက်ရှိ တာဝါတိုင်းအနီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အရပ်သားလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ ညနေ ၆နာရီလောက်က ဆပ်သွားရွာ သုသာန်ဘက်က တာဝါတိုင်နားမှာ လက်နက်ကြီးကျည်ကျတာ အရပ်သားလင်မယားနှစ်ဦးကို ထိသွားတယ်။...
