NewsPolitic

ဆပ်သွားတံတားကို စစ်ကောင်စီမိုင်းခွဲ၊ ကမ်းသာယာကို တပ်ဆုတ်

အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရှိ ဆပ်သွားတံတားကို စစ်ကောင်စီမှ ယမန်နေ့ (၁၄ရက် နိုဝင်ဘာ ၂၀၂၄) က မိုင်းခွဲဖျက်ဆီးက ကမ်းသာယာသို့ တပ်ဆုတ်သွားကြောင်း သိရပါတယ်။

“မနေ့ညကလေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်၊ တိုင်ကျိုးမှာတော့ အသေအပျောက်ရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး။ ဆပ်သွားတံတားကိုတော့ မိုင်းခွဲပြီးတော့ ကမ်းသာယာဖက်ကို ဆုတ်သွားပြီလို့ သိရတယ်” လို့ ဂွမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ဆပ်သွားရွာမှ ကမ်းသာယာသို့ ဆုတ်ခွာသွားပြီး ကမ်းသာယာတွင် အထိုင်ချထားသော အမြောက်တပ်လည်း ဂွမြို့ဖက်သို့ ဆုတ်ခွာသွားကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ ရက္ခိုင်ပြည်တောင်ပိုင်း သံတွဲမြို့ကို စက်တင်ဘာ ၅ ရက်မှာ အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ကုတ် နဲ့ ဂွမြို့တို့ကို အပြီးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစ၍ တစ်နှစ်အတွင်းမှာ ရခိုင်ပြည်သူလူထုတွေအဓိက အားထားသွားလာနေရတဲ့ တံတားအစင်းရေပေါင်း ၂၈ စင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ မိုင်းခွဲဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Related posts

ရန်ကုန်မှာ စည်ပင်ရဲ့ လိုင်းကြေးကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံနေ

Rakhita Times

ရက္ခိုင်ပြက္ခဒိန်ပညာရှင် ဆရာဦးအောင်ချစ် ကွယ်လွန်

Rakhita Times

ရက္ခိုင်တွင် ၅ နှစ်အောက်ကလေးတွေ တတိယအကြိမ် ကာကွယ်ဆေးထပ်မံထိုးပေး

Rakhita Times

2 comments

Charlesfroma စက်တင်ဘာ 7, 2026 at 10:39 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Дополнительная информация – вывод из запоя круглосуточно

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 12:13 ညနေ

В рамках комплексной программы лечения в клинике применяются следующие методы:
Получить дополнительную информацию – http://www.domen.ru

Reply

Leave a Comment