NewsPolitic

ဆပ်သွားတံတားကို စစ်ကောင်စီမိုင်းခွဲ၊ ကမ်းသာယာကို တပ်ဆုတ်

အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့နယ်ရှိ ဆပ်သွားတံတားကို စစ်ကောင်စီမှ ယမန်နေ့ (၁၄ရက် နိုဝင်ဘာ ၂၀၂၄) က မိုင်းခွဲဖျက်ဆီးက ကမ်းသာယာသို့ တပ်ဆုတ်သွားကြောင်း သိရပါတယ်။

“မနေ့ညကလေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်၊ တိုင်ကျိုးမှာတော့ အသေအပျောက်ရှိတယ်လို့ ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး။ ဆပ်သွားတံတားကိုတော့ မိုင်းခွဲပြီးတော့ ကမ်းသာယာဖက်ကို ဆုတ်သွားပြီလို့ သိရတယ်” လို့ ဂွမြို့နယ် ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကြောင့် ဆပ်သွားရွာမှ ကမ်းသာယာသို့ ဆုတ်ခွာသွားပြီး ကမ်းသာယာတွင် အထိုင်ချထားသော အမြောက်တပ်လည်း ဂွမြို့ဖက်သို့ ဆုတ်ခွာသွားကြောင်း သိရပါတယ်။

အာရက္ခတပ်တော်မှ ရက္ခိုင်ပြည်တောင်ပိုင်း သံတွဲမြို့ကို စက်တင်ဘာ ၅ ရက်မှာ အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ကုတ် နဲ့ ဂွမြို့တို့ကို အပြီးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကစ၍ တစ်နှစ်အတွင်းမှာ ရခိုင်ပြည်သူလူထုတွေအဓိက အားထားသွားလာနေရတဲ့ တံတားအစင်းရေပေါင်း ၂၈ စင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ မိုင်းခွဲဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Related posts

စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

Rakhita Times

ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးမှုအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ သဘောထားများ ကွဲပြား

Rakhita Times

မူးယစ်ဆေးဝါးကရတဲ့အမြတ် ၇၀ ရာခိုင်နှုန်းကို လက်နက်ခဲယမ်းဝယ်ယူရာမှာ AA အသုံးပြုလို့ စကမ ဆို

Rakhita Times

3 comments

Charlesfroma စက်တင်ဘာ 7, 2026 at 10:39 ညနေ

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Дополнительная информация – вывод из запоя круглосуточно

Reply
JohnnyFiemo စက်တင်ဘာ 17, 2026 at 12:13 ညနေ

В рамках комплексной программы лечения в клинике применяются следующие методы:
Получить дополнительную информацию – http://www.domen.ru

Reply
Jamesrex အောက်တိုဘာ 8, 2026 at 8:37 မနက်

Заявку можно оставить в любое время, специалист быстро сориентирует по дальнейшим действиям.
Дополнительная информация – вывод из запоя клиника

Reply

Leave a Comment