သက်ငယ်မုဒိန်းကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးရန် ရ.က.သ တောင်းဆို
အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုတွင် ကျူးလွန်သူကို အာရက္ခတပ်တော် အနေနဲ့ အမြန်ဆုံး အရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရ.က.သ) အမျိုးသမီးရေးရာကော်မတီက...
