ရာသီဥတုနှင့် စစ်ပွဲ၏အောက်က သဇင်ပန်းများ၏ ဒုက္ခသံသရာ
သတင်းဆောင်းပါး – အီသွယ် “ရာသီလာတဲ့အခါ လစဉ်သုံး ပစ္စည်းမပြောနဲ့၊ သန့်ရှင်းတဲ့ ရေတောင် ဝဝလင်လင် မသုံးရဘူး” ဒီစကားကတော့ ရက္ခိုင်ပြည် ဒုက္ခသည်စခန်းက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ပြောဆိုချက်ဖြစ်သည်။ မိုးကောင်းကင်တစ်ခုလုံး အမှောင်အတိဖုံးသွားသည့် မိုးရွာသွန်းသော ညများဆိုလျှင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းငယ်လေးအတွင်းမှ တာပေါ်လင်စ၊...
