NewsPolitic

ဘူးသီးတောင်က ရေမြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ULA/AA နဲ့ ဒေသခံတွေ ပူးပေါင်းသန့်ရှင်းရေးပြုလုပ်

အာရက္ခတိုင်းမ်စ် (၁၇ ဩဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်က ရေနစ်မြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို သြဂုတ်လ ၁၅ ရက်က ရက္ခိုင်အမျိုးသားဖွဲ့ချုပ်/အာရက္ခတပ်တော်နဲ့ ဒေသခံတွေ ပူးပေါင်းပြီးတော့ သန့်ရှင်းရေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ဇူလိုင်လက မိုးကြီးပြီးတော့ ရေမြုပ်သွားတဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်တာတွေ လုပ်ဆောင်ခဲ့တယ်။ ဒေသခံတွေလည်း လာရောက်ပူးပေါင်ကြတယ်။ တပ်တော်က တပ်ဖွဲ့ဝင်တွေလည်း လာရောက် ကူညီပေးခဲ့တယ်” လို့ ဘူးသီးတောင်မြို့နယ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သန့်ရှင်းရေး ပြုလုပ်ခဲ့တဲ့ သောက်ရေကန်ကတော့ ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် ဂေါင်နီ (မူဆလင်) ကျေးရွာက အများပြည်သူသုံးနေတဲ့ သောက်ရေကန် ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သောက်ရေကန်ကို ဒေသခံ ရက္ခိုင်၊ ဟိန္ဒူ၊ မူဆလင် စတဲ့ လူငယ်တွေနဲ့ ULA/AA ပါတီဝင်များနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင် သန့်ရှင်းရေး ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။
Photo – APM

Related posts

မိုင်းယု ၁၀၅ တွင် AA နဲ့ မဟာမိတ်တို့ သစ်ပင် ထောင်ကျော်စိုက်ပျိုး

Rakhita Times

မြောက်ဦးတွင် ခိုးရာပါ ဆိုင်ကယ်များကို ပိုင်ရှင်ဆီပြန်အပ်

Rakhita Times

သာပေါင်းမှာ သွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင်တာတွေကို စစ်ကောင်စီ ကန့်သတ်

Rakhita Times

Leave a Comment