NewsPolitic

အကြမ်းဖက် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်ပတ်ကျော်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

အကြမ်းဖက် စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်ပတ်ကျော်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး

အာရက္ခတိုင်းမ်းစ်(၉-အောက်တိုဘာ-၂၀၂၄)

မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယခုလ ပထမတစ်ပတ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

အာရက္ခတိုင်းမ်းစ်ရဲ့ စစ်တမ်းတွေအရ အောက်တိုဘာလ တစ်ရက်ကစပြီး ယခု (အောက်တိုဘာလ ၉ ရက်)အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့တဲ့ အရပ်သား စစ်ဘေးရှောင် ၂၁ဦး သေဆုံးခဲ့ရပြီး ၂၈ ဦးထပ်မနည်း သေဆုံးခဲ့ရတာပါ။

ရက္ခိုင်ပြည်မှာ စစ်ရှုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ ပြည်သူတွေ အိပ်စက်အနားယူနေတဲ့ ညအချိန်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ဆိုသလို လုပ်ဆောင်လာနေခဲ့တာဖြစ်ပြီး ဘာသာရေးအဆောက်အဦးတွေနဲ့ စစ်ဘေးရှောင်တွေ နားခိုတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို တောင်ကုတ်မြိုနယ်အတွင်းမှာ အဓိကပြုလုပ်ခဲ့တာဖြစ်ပြီး တောင်ကုတ်မြိုနယ်ထဲက တန်းလွဲရွာမကျေးရွာဟာဆိုရင် အခုလအတွင်းမှာ သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

“ ညဘက်တွေဆိုရင် အိပ်လိုမပျော်ဘူး။ တောင်ကုတ်မှာကျန်ခဲ့တဲ့ ကျွန်မအမျိုးတွေထဲက ဘယ်သူ ပါသွားမလဲဆိုတာကို စိုးရိမ်နေရတယ်။ ပါတဲ့လူအချိုလည်း ပါကုန်ပြီ။ ကျန်တဲ့လူတွေအတွက် ဆုတောင်းပြီး နေနေရတယ်” လို တောင်ကုတ်မြိုနယ်က စစ်ဘေးရှောင်နေတဲ့ မနှင်းနှင်းအေးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အရင်က သူတိုတပ်ရင်း၊ တပ်စခန်း တစ်ခုခုမှာ အထိနာတိုင်း လေကြောင်းတိုက်ခိုက်မှုတွေကို အခြားသော ရက္ခိုင်ဒေသက အပြစ်မဲ့ ပြည်သူတွေအပေါ်မှာ ပြုလုပ်လေ့ရှိနေပမယ့် စက်တင်ဘာလ လယ်လောက်စပြီး ခပ်စိပ်စိပ် ပြုလုပ်လာတာကို တွေ့မြင်ရတယ်လို အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

“ အရင်ကဆိုရင် ရခိုင်ဘက်က နယ်မြေတစ်ခုကိုသိမ်းတိုင်း၊ စစ်ကောင်စီစခန်းတွေ၊ ရဲတပ်ရင်းတွေ၊ စစ်ကောင်စီဘက်က အကောင်ကြီးတွေ တစ်ခုခုဖြစ်တိုင်း သူတိုက အပြစ်မဲ့အရပ်သားတွေနေတဲ့ ၊ဒါမှမဟုတ် သူတိုစွန့်လွှတ်လိုက်ရတဲ့ ရခိုင်က နေရာတွေကို တစ်ခုခုအမြဲလုပ်လေ့ရှိတယ်။ အခုနောက်ပိုင်း သူတိုလုပ်ရပ်က တဖြည်းဖြည်း စိပ်လာနေတယ်။ ဒါကိုကြည့်ချင်းအားဖြင့် သူတိုက လက်စားခြေတဲ့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို ပြောလိုရတယ်” လို သူက ရှင်းပြပါတယ်။

စစ်ရေးအရ အရေးနိမ့်နေတဲ့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဟာ ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေကို ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိတယ်လို အာရက္ခတပ်တော်က အောက်တိုဘာ ၇ ရက်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

Related posts

လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

Rakhita Times

ရက္ခိုင်မှာ AA က ကုန်စည်တွေ မပြတ်အောင် ကြိုးစားပေးနေ

Rakhita Times

ရက္ခိုင်မြောက်ပိုင်းထက် တောင်ပိုင်းတိုက်ပွဲရှောင်များ ပိုအခက်အခဲဖြစ်နေ

Rakhita Times

Leave a Comment