NewsPolitic

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၄)

အာရက္ခတပ်တော် ဗိုလ်လောင်း ၈ ဦး ကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ဗိုလ်လောင်းတွေ ကျဆုံးရာ အာဇာနည်ကုန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုနှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှာ အဆိုပါ ဗိုလ်လောင်းတွေဟာ တိုင်းပြည် နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသည်မှာ ၁၀ နှစ်ပြည့်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၉ ရက်ရောက်တိုင်း ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ပြုလုပ်တာ၊ ဗိုလ်လောင်းတွေ ကျဆုံးရာ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေတွေချကာ ဂါရဝပြုတာ၊ တပ်စခန်းတွေမှာ အောင်လံတစ်ဝက် လွှင့်တာတွေကို နှစ်စဉ်ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

အခုနှစ်မှာတော့ စစ်ရေးအခြေအနေအရ ကျဆုံးဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ပြီး အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ ၁၉ ရက်ကို ဘယ်တော့ခါမျှ မေ့လိမ့်မည် မဟုတ်ကြောင်း အဆိုပါ ဗိုလ်လောင်းတွေရဲ့ တိုင်းပြည် နဲ့ လူမျိုးအပေါ် အသက်ပေးဆပ်မှုတွေကို အမြဲသတိရနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသော AA ဗိုလ်လောင်း ၉ ဦးအပါအဝင် စုစုပေါင်း ဗိုလ်လောင်း ၂၃ ဦး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

Related posts

မောင်တောတွက် ကလေးငယ်တဦး အဓမ္မပြုကျင့် အသတ်ခံရ

Rakhita Times

တောင်ကုတ်ကို တရားမဝင် ပြည်ပအရက် တင်ဆောင်လာသူကို ဒီလပ် ဖမ်းဆီး

Rakhita Times

သံတွဲနဲ့ ဂွတွင် မိုးသက်လေပြင်း ပြင်းထန်နိုင်

Rakhita Times

17 comments

Leave a Comment